သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှူး ဆေးစွမ်းကောင်းများ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှူး ဆေးစွမ်းကောင်းများ

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။

• Diuretics

Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓာတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။ Thiazide တွေထဲမှာ chlorthalidone,  hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓာတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။

• Angiotensin converting enzyme (ACE) inhibitor

ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို ပိတ်ဆို့ပါတယ်။ ဒီ ဟော်မုန်းက သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဒါကြောင့်ဒီဆေးက သွေးကြောတွေကို ပြန်ကျယ်လာစေပြီး သွေးတိုးကျစေပါတယ်။ ပါဝင်တဲ့ဆေးတွေကတော့ – benazepri, captopril, enalapril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril နဲ့ trandolapril ဖြစ်ပါတယ်။ ဒီဆေးတွေက ဆီးချို၊ နှလုံးရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေအတွက် အကျိုးရှိပါတယ်။

Angiotensin II receptor blockers (ARBs)

ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းရဲ့ လုပ်ငန်းစဉ်ကိုရပ်စေပါတယ်။ အဲဒီဟော်မုန်းက သွေးကြောတွေကိုကျဉ်းစပါတယ်။ အပေါ်ကပြောသွားတဲ့ AC inhibitors တွေလိုဘဲ ဒီဆေးတွေ သွေးကြောတွေကိုကျယ်စေပါတယ်။ ARBs တွေထဲမှာ azilsartan, candesartan, irbesartan, losartan, olmesartan, telmisartan နဲ့ valsartan တို့ဘဖြစ်ပါတယ်။

• Calcium channel blockers

Calcium channel blockers တွေက သွေးကြောနံရံတွေနဲ့ နှလုံးကြွက်သားထဲဝင်တဲ့ ကယ်လ်ဆီယမ်တွေကိုလျှော့ချပေးခြင်းဖြင့် သွေးကြောတွေကိုပြေလျော့စေပါတယ်။ Calcium channel blockers နှစ်မျိုးရှိပါတယ်။ Dihydropyridines (amlodipine, felodipine, isradipine, nicardipine, nifedipine နဲ့ nisoldpine) နဲ့ Nondihydropyridines (diltiazem နဲ့ verapamil ). သိထားရမှာက စပျစ်ဖျော်ရည်က ဒီဆေးတွေကို နှောင့်ယှက်နိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်ပါစေတယ်။

• Beta blockers

Beta blockers တွေက နှလုံးရဲ့အလုပ်ကိုလျှော့ချပေးပြီး သွေးကြောတွေကိုပွင့်စေတဲ့အွက် နှလုံးခုန်နှေးစေပြီး နှလုံးခုန်အားမပြင်းတော့ပါဘူး။ ရရှိနိုင်တဲ့ beta blockers တွေထဲမှာ acebutolol, atenolol, betaxolol, bisoprolol, metoprolol, nadolol, nebivolol, pindolol, propranolol နဲ့ timolo တို့ပါဝင်ပါတယ်။ ဒါပေမယ့် Beta blockers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပန်းနာရင်ကြပ်ကိုပိုဆိုးစေခြင်း၊ တခြားအဆုတ်ရောဂါများ၊ နှလုံးအပြင်က သွေးကြောရောဂါများဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုပြောသွားတဲ့ ရောဂါရှိတဲ့သူတွေအတွက် ဒီဆေးမပေးပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly