ကွန်ကာကပ်ဖ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်ဂိုးသမား နာဗက်စ်ရရှိ

ကွန်ကာကပ်ဖ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်ဂိုးသမား နာဗက်စ်ရရှိ

ဒီဇင်ဘာ ၁၉၊ စပိန်  ။               ။  ၂၀၁၇ ခုနှစ် ကွန်ကာကပ်ဖ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ကော်စတာရီကာနှင့်ရီးယဲလ်ဂိုးသမား ကေလာနာဗက်စ်က ရရှိသွားခဲ့သည်။

နာဗက်စ်သည် ရီးယဲလ်နှင့်အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၅ ခုအထိရယူနိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ နာဗက်စ်သည် ၂၀၁၄ ခုနှစ်ကလည်း ထိုဆုကို ရရှိခဲ့ဖူးသည့်အတွက် ဒုတိယအကြိမ် ဆုရရှိခြင်းလည်း ဖြစ်သည်။

နာဗက်စ်သည် ပီအက်စ်ဗွီကစားသမား လိုဇာနို၊ ပီလာဒယ်ဖီယာ ကစားသမား အန်ဒရီဘလိတ်တို့ကို ကျော်ဖြတ်ကာ ဆုရခဲ့ခြင်းဖြစ်သည်။ ထိုဆုအတွက် မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရစ်ဘီယန်ဒေသမှ ဘောလုံးအဖွဲ့ချုပ်များ၊ အားကစားကလောင်ရှင်များနှင့် ပရိသတ်များကို မဲပေးရွေးချယ်ကြခြင်း ဖြစ်သည်။

“ကျွန်တော့်ကို မဲပေးရွေးချယ်ခဲ့ကြသူတွေအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီဆုကို ရရှိတာက ကျွန်တော့်ရဲ့ကစားသမားဘဝနဲ့ လူနေမှုဘဝမှာ ရှေ့ဆက်ဖို့ ပိုပြီးစိတ်ခွန်အားတိုးစေပါတယ်” ဟု နာဗက်စ်က ပြောဆိုခဲ့သည်။

အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုကိုမှု အမေရိကန်တိုက်စစ်မှူး အဲလက်စ်မော်ဂန်က ရရှိခဲ့သည်။ မော်ဂန်သည် လိုင်ယွန်အသင်းအတွက် ပြင်သစ်အမှတ်ပေးဖလား၊ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်ဖလားများရယူပေးနိုင်ခဲ့ခြင်းကြောင်း ဆုရရှိခဲ့ခြင်း ဖြစ်သည်။ရည်ညွှန်း All Football

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly