ထိပ်တန်း K-pop အဆိုတော် ကင်ဂျုံးဟွန်း ဟိုတယ်အခန်းအတွင်း သေဆုံးနေကာ ကိုယ်ကိုကို သတ်သေဟန်ရှိ

ထိပ်တန်း K-pop အဆိုတော် ကင်ဂျုံးဟွန်း ဟိုတယ်အခန်းအတွင်း သေဆုံးနေကာ ကိုယ်ကိုကို သတ်သေဟန်ရှိ

 

ဆိုးလ်၊ ဒီဇင်ဘာ ၁၉ ။             ။ တောင်ကိုရီးယား K-pop မှာ အကြီးဆုံး ယောက်ကျားလေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ SHINee က အဓိကအဆိုတော် ငွေကြယ်ပွင် ကင်ဂျုံးဟွန်းဟာ ဒီဇင်ဘာ  ၁၉ ရက်မှာ သေဆုံးခဲ့ပါတယ်။

ရဲကတော့ ကင်ဂျုံးဟွန်းဟာ ကိုယ်ကိုကို အဆုံးစီရင်ခဲ့တာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်ရှိတဲ့ ကင်ဂျုံးဟွန်းဟာ မသေဆုံးမီမှာ အစ်မဖြစ်သူထံကို ကိုယ်ကိုကို သတ်သေတဲ့အကြောင်းတွေ မက်ဆေ့ချ်တစ်ချို့ ပို့ခဲ့ပါတယ်။

ဒီနောက်မှာ ဆိုးလ်က ဟိုတယ်တစ်ခုမှာ သတိမရှိတော့တဲ့ ကင်ဂျုံးဟွန်းကို ရှာဖွေတွေ့ရှိတာလို့ ရဲက ထုတ်ပြန်ပါတယ်။

အစ်မဖြစ်သူထံ ကင်ဂျုံးဟွန်း ပေးပို့တဲ့ မက်ဆေ့့ချ်တွေမှာ “ဒါဟာ ကျွန်တော်ရဲ့ နောက်ဆုံးနှုတ်ဆက်စကားပါ။”၊ “ကိစ္စတွေက အရမ်းခက်ခဲတယ်။”၊ “ကျွန်တော်ကို သွားခွင့်ပြုပါ။ ကျွန်တော် ကောင်းမွန်တာ လုပ်ခဲ့တယ်လို့ ပြောပေးပါ။” စတဲ့ မက်ဆေ့ချ်တွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အစ်မဖြစ်သူဟာ ရဲကို အရေးပေါ် အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဟိုတယ်ခန်းမှာ တွေ့တဲ့ ကင်ဂျုံးဟွန်းကို ဆေးရုံပို့ပြီး အချိန်ပိုင်းအတွင်းမှာ သေဆုံးကြောင်းကို  ကြေညာခဲ့တာပါ။

ကင်ဂျုံးဟွန်း သေဆုံးတဲ့ ဟိုတယ်ခန်းထဲမှာ ကျောက်မီးသွေးတောင့်တွေကို မီးမြိုက်လောင်ကျွမ်းစေထားတာ တွေ့ရကြောင်း ရဲက ဖြည့်စွက်ဆိုပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်တဲ့ ကျောက်မီးသွေးတောင့် မီးလောင်ကျွမ်းစေတဲ့ နည်းလမ်းဟာ ကမ္ဘာမှာ ကိုယ်ကိုကို သတ်သေနှုန်း မြင့်မားတဲ့ တောင်ကိုရီးယားနိုင်ငံတွင်းမှာ ကိုယ််ကိုကို အဆုံးစီရင်ရာမှာ အသုံးများတဲ့ နည်းလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ယောက်ကျားလေးသီးသန့် အဖွဲ့ဝင် ငါးဦးပါ SHINee အဖွဲ့ဟာ အကောင်းဆုံး K-pop အဖွဲ့အဖြစ် သိထားကြပြီး ၂၀၀၈ ခုနှစ်က ပွဲဦးထွက် ဖျော်ဖြေမှုကနေစပြီး အာရှတစ်လွှားတင်မက အလွန်ထိပါ အားပေးမှု ရထားတဲ့ K-pop အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly