မြန်မာ ယူ-၂၁ အသင်း တတိယနေရာလုပွဲ ကစားရမည်

မြန်မာ ယူ-၂၁ အသင်း တတိယနေရာလုပွဲ ကစားရမည်
(ဓာတ်ပုံ - MFF)

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ U21 International Football Tournament 2017 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ် (၄) ပွဲ ကစားပြီးချိန် တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရမှတ် (၄) မှတ် ရရှိထားတာကြောင့် တတိယနေရာလုပွဲ ကစားရမှာဖြစ်ပါတယ်။

မြန်မာ ယူ- ၂၁ ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယိုကိုဟားမား ယူ- ၂၁ အသင်းနှင့် ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာ ယိုကိုဟားမားအသင်းက ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် မြန်မာ ယူ - ၂၁ အသင်းအနေဖြင့် ဗိုလ်လုပွဲနှင့် လွှဲချော်ခဲ့တာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အဆိုပါပြိုင်ပွဲမှာ ဗီယက်နမ် ယူ-၁၉ အသင်းကို တစ်ဂိုးစီ သရေ၊ ထိုင်း ယူ-၂၁ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်၊ ဗီယက်နမ် ယူ-၂၁ အသင်းကိုတော့ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျပန်ကလပ် ယိုကိုဟားမားအသင်းကို ငါးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ရမှတ် (၄) မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

တတိယနေရာလုပွဲတွင် ကစားရမယ့် အသင်းကို အုပ်စုပွဲစဉ်များ ပြီးဆုံးချိန်မှသာ သိရှိရမှာဖြစ်ပါတယ်။ 

ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာလ (၂၀) ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗီယက်နမ် ယူ-၁၉ အသင်းဟာ ထိုင်း ယူ-၂၁ အသင်းနှင့် လည်းကောင်း၊ ဗီယက်နမ် ယူ-၂၁ အသင်းဟာ ယိုကိုဟားမား ယူ-၂၁ အသင်းနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly