မည်သည့်အချိန်တွင် အပူနှင့်အအေးက သင့်သွားကို နာကျင်စေသလဲ။

မည်သည့်အချိန်တွင် အပူနှင့်အအေးက သင့်သွားကို နာကျင်စေသလဲ။

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အကယ်၍ သင်သည် သင့်သွားနာသောကြောင့် ကော်ဖီပူပူတစ်ခွက်ကို မသောက်နိုင်လျှင် (သို့) ရေခဲမုန့်ကိုမစားနိုင်လျှင် ဒါကတကယ်ကို အနှောင့်အယှက်ဖြစ်စေမှာပါ။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းများတွင်ဖြစ်သည်။ ဤဆောင်းပါးတွင် အထိမခံနိုင်သော သွားများ၏ အကြောင်းရင်းနှင့် ကုသမှုများကို ဖော်ပြထားပါတယ်။

 

သွားနာခြင်းကိုဖြစ်နိုင်သောအကြောင်းအရင်းများတွင်
• သွားဆွေးခြင်း
• သွားဖုံးရောဂါ
• ပြင်းထန်သောသွားတိုက်ခြင်း
• အက်စစ် ပါသောအစာများစားခြင်း
• သွားကျိုးခြင်း
• သွားဖာထားခြင်း
• သွားကြိတ်ခြင်းတို့ပါ၀င်သည်။

ပုံမှန်တွင် သင့်သွား၏အပေါ်ပိုင်း(crown)ကို ကြွေလွှာဖြင့်ကာကွယ်ထားသည်။ crown သည် သွားဖုံးထက်မှ ပေါ်ထွက်နေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သွားဖုံးလိုင်း၏ အောက်တွင် သွား၏အမြစ်ကို ကာကွယ်ပေးသောcementumအလွှာရှိသည်။ Dentinအလွှာသည် ကြွေလွှာနဲ ့ cementumအလွှာ နှစ်ခုလုံး၏အောက်တွင် ရှိပြီး သွား၏အလယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Dentinအလွှာကို ကြွေလွှာနှင့် cementumတို့မှ မကာကွယ်ပေးနိုင်လျှင် အပူ၊ အအေး အစားအစာများစားလျှင် နာကျင်စေပါသည်။

သင့်သွားအထိမခံနိုင်သောအကြောင်းပေါ်မူတည်၍ ကုသမှုအမျိုးအစားများကို သွားဆရာဝန်မှ အကြံပြုပါမည်။

• နာကျင်မှုကိုသက်သာစေသည့် သွားတိုက်ဆေးများကိုသုံးပါ။ ထိုသွားတိုက်ဆေးများသည် သွားမျက်နှာပြင်မှ အပူအအေးနာကျင်မှု ခံစားချက်များကို အာရုံကြောသို့ ပို့ဆောင်ခြင်းကိုကို ပိတ်ဆို့လိုက်ခြင်းဖြင့် အကူအညီပေးပါတယ်။ နာကျင်မှုမသက်သာခင်မှာတော့ သွားတိုက်ဆေး မကြာခဏအသုံးပြုပေးဖို ့လိုအပ်ပါတယ်။
• ဖလိုရို(ဒ်)ဂျယ်(သို့) သွားတိုက်ဆေး၊ ဖလိုရိုဒ်ပစ္စည်းများသည် သွားကြွေလွှာကိုခိုင်ခံ့စေပြီးနာကျင်မှု အာရုံခံခြင်းကိုလျှော့ချပေးသည်။
• သွားတိုက်သည့် အလေ့အကျင့်ကိုပြောင်းပေးပါ။ လူအချို့သည် မာကြောသောအမွေးအမျှင်များရှိသည့် သွားတိုက်တံသည် သွားသန့်ရှင်းရေးလုပ်လျှင် ပို၍ကောင်းသည်ဟုတွေးမိကြသည်။ သို့သော်၄င်းမှာ မှားယွင်းပါသည်။ သွားတိုက်ခြင်းတွင် အားသုံးခြင်းထက် နည်းလမ်းမှန်ဖို ့ကပို၍အရေးကြီးသည်။ ထို့ကြောင့် နှုးညံ့သောအမွေးအမျှင်ရှိသည့် သွားတိုက်တံကို နည်းမှန်လမ်းမှန် တိုက်ခြင်းက သင့်သွားကိုပိုမိုထိရောက်စွာ ကာကွယ်နိုင်ပါသည်။
• အက်စစ်ပါသောအစားအစာများနှင့် သောက်စရာများကိုရှောင်ကြဉ်ပါ။ သင်သည် အပူစာ၊ အအေးစာများစားပြီးသည်အခါနာကျင်လေ့ရှိပါက ထိုအစားအစာများကိုရှောင်ရမည့်အပြင် အက်စစ်ပါသည့်အစားအသောက်များကိုပါ ရှောင်ကြဉ်ရမည်ဖြစ်သည်။ ရှောက်သီး၊ ရှာလကာရည်၊ ခရမ်းချဉ်သီးဆော့ကဲ့သို့ အက်စစ်ပါသောအစားအစာမျာက သင့်ကြွေလွှာကို ပျက်စီးစေသောကြောင့်ဖြစ်သည်။
• သွားဆရာဝန်ဆီမှ အကြံဉာဏ်တောင်းပါ။ အထိမခံနိုင်သောသွားပြဿနာအားလုံးသည် တစ်ယောက် နဲ ့တစ်ယောက် အမြဲတူညီနေသည်မဟုတ်ပါ။ ထို့ကြောင့် သင့်ဘာသာကုသနေသည်ထက် သွားဆရာဝန်နှင့် သင့်သွားကိုစစ်ဆေးခြင်းက ပို၍ထိရောက်ပါသည်။

• အစာစားပြီး ချက်ချင်းသွားမတိုက်ပါနဲ ့။ အချိုု့စားစရာများသည် သင့်သွားကြွေလွှာကို ပျော့ပျောင်းစေသည်။ ထို့ကြောင့် သွားမတိုက်ခင်အနည်းဆုံးတစ်နာရီစောင့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly