အကောင်းမြင်စိတ်စွမ်းအား

အကောင်းမြင်စိတ်စွမ်းအား

 ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြံုတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။

သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို ့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။

အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။

အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ််ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။

အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော အချက်ပင်ဖြစ်သည်။ လူတစ်ဦး အကောင်းမြင်တတ်လား၊ အဆိုးမြင်တတ်လားဆိုတာကို သူ၏ မသိစိတ်ပြုမှုပုံအပေါ် အခြေခံပြီးဆုံးဖြတ်ပါသည်။

အုပ်စုဖွဲ့ပြီး ပြောဆိုဆွေးနွေးခြင်းသည် အကောင်းမြင်စိတ်၏ ကူးစက်တတ်သော အပေါ်တွင်  အခြေခံထားပါသည်။ အုပ်စုအဖွဲ့ အကူအညီ၏ အဓိကရည်ရွယ်ချက်သည် လူနာတွေဆီကို အကောင်းမြင်စိတ်တွေ သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ သင်သည် အခြားသူများ၏ ဘဝအကြောင်းကို ကြားရသောအခါတွင် ပိုပြီး စိတ်သက်သာကောင်း သက်သာလာနိုင်ပါတယ်။

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော လူများဝန်းရံနေသောအခါတွင် ကျွနု်ပ်တို့သည် မသိစိတ်ကနေ ထိုသူများကဲ့သို့ ဖြစ်အောင်လိုက်လံ ကြိုးစားလျက်ရှိသည်။ အကောင်းမြင်စိတ်ရှိသောသူသည် အခြားလူများ စိတ်တက်ကြွလာစေဖို့အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ထို့သို့ဆိုလျှင် ဘာကြောင့် ကျွနု်ပ်တို့ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်အတွေးတွေနဲ့ လွှမ်းခြံုဖို့ မကြိုးစားကြည့်တာလဲ။

အကောင်းမြင်တတ်သော  စိတ်ထားသည် ကျွနု်ပ်တို့ကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်။ ၎င်းသည် ကျွနု်ပ်တို့ဆီကို တောက်ပမှု၊ ခွန်အား၊ အောင်မြင်မှု နဲ ့ ၀မ််းမြောက်ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ထို့ပြင် ကျွနု်ပ်တို့၏ ကျန်းမာရေးအတွက်တောင် ကောင်းကျိုးများ ဖြစ်ထွန်းစေပါတယ်။

ပျော်ရွှင်သောလူသားများသည် ဘဝတွင် အကောင်းများကို တွေ့ရှိကြသည်။

အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ၀မ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။

သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။ သင်လည်း ထိုနည်းတူတွေးကြည့်ပါ။

သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။

သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။

ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓာကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။

သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။

ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။

သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။ သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly