စီရော်နယ်ဒိုမှာ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ကြောင်း ရာမို့စ်ပြောကြား

စီရော်နယ်ဒိုမှာ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ကြောင်း ရာမို့စ်ပြောကြား

 

ဒီဇင်ဘာ ၁၈၊ စပိန် ။              ။ ရီးယဲလ်နောက်ခံလူရာမို့စ်က အသင်းဖော် စီရော်နယ်ဒိုမှာ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းမြင်ဖူးသမျှထဲတွင် အကောင်းဆုံးကစားသမားဖြစ်ကြောင်း   ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ဖီဖာကမ္ဘာ့ကလပ်ဖလားဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး သူ၏အသင်းကို ၂ နှစ်ဆက်တိုက်ချိန်ပီယံဖြစ်စေခဲ့သည်။ မကြာသေးခင်ကလည်း Ballon d’Or ဆုကို ငါးကြိမ်မြောက် ရရှိထားပြီး မက်ဆီနှင့် စံချိန်တူညီသွားခဲ့သည်။

“ကျွန်တော်တို့အသင်းရဲ့ နံပါတ် ရ တိုက်စစ်မှူးဟာ အရင်က ကျွန်တော်တို့ မမြင်ဖူးခဲ့တဲ့ တိုက်စစ်မှူးမျိုးပါ။ သူဟာ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီးနေပါပြီ။ ဘောလုံးသမိုင်းမှာ သူ့ကို အမြဲအမှတ်ရနေကြပါလိမ့််မယ်။ စီရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးကြီးတဲ့သူဖြစ်ပြီး အားလုံးကလည်း သူ့ကို လေးစားကြပါတယ်” ဟု ရာမို့စ်က ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုသည် ရာသီအစက ရုန်းကန်ခဲ့ရသော်လည်း သူ၏ပုံစံကောင်းကို ပြန်လည်ရရှိနေပြီဖြစ်ပြီး ရီးယဲလ်အတွက် ကစားထားသည့် ၂၁ ပွဲတွင် ၁၆ ဂိုးအထိသွင်းယူပေးထားသည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly