၆၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားရတဲ့ ဆဲလ်တစ်

၆၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားရတဲ့ ဆဲလ်တစ်

ဒီဇင်ဘာ ၁၈၊ စကော့တလန် ။            ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စကော့တလန်လိဂ်ပွဲစဉ် ၁၉ မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဆဲလ်တစ်တို့ဟာ အဆင့် ၅ နေရာက ဟတ်အသင်းကို ၄-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီရှုံးပွဲဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ၆၉ ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားတဲ့ ဆဲလ်တစ်အသင်းရဲ့ စံချိန်ကို ရပ်တန့်ပေးလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက ရှုံးပွဲမရှိကစားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ် ၁၀၀ စံချိန်တင်ထားတဲ့ ဗြိတိန်ကျွန်းရဲ့ ၆၂ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ဆဲလ်တစ်တို့ ဖြတ်ကျော်ခဲ့တာ လည်း ဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာအတွက် ပထမဆုံးပြည်တွင်းရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ရော်ဂျာကတော့ စံချိန်ဆိုတာ တစ်ချိန်တော့ ချိုးဖျက်ခံရမှာပဲလို့ ပြောဆိုခဲ့ပါတယ်။

“ရှုံးပွဲမရှိစံချိန်က ရပ်တန့်သွားရပါပြီ။ ဖြစ်နိုင်သမျှအမြန်ဆုံးနိုင်ပွဲတွေဆီပြန်လာချင်ပါတယ်။ အရင်ဆုံး ဟတ်အသင်းကို ချီးကျူးချင်ပါတယ်။ သူတို့ဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်နဲ့ထိုက်တန်ပါတယ်။ ကျွန်တော့်ကစားသမားတွေကိုလည်း ချီးကျူးချင်ပါတယ်။ သူတို့ဟာ ၁၈ လကြာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ကြတာပါ။ အံ့မခန်းစွမ်းဆောင်ရည်ပါပဲ။ စံချိန်ရပ်တန့်သွားမယ့်ဒီလိုနေ့ရောက်လာမယ်ဆိုတာ သိပြီးသားပါ” ဟု ဘရန်ဒန်ရော်ဂျာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly