ဒီမိုကရေစီအရေးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲပြုလုပ်

ဒီမိုကရေစီအရေးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲပြုလုပ်

ရန်ကုန် ဒီဇင်ဘာ ၁၇ ။              ။ မြန်မာ့ဒီမိုကရေစီရေးရဲ့ အဓိကထောက်တိုင်တွေ ပြိုလဲကုန်ပြီလား ခေါင်းစဉ်ဖြင့် ဆွေးနွေးအသိပညာပေးပွဲ တစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ပြုလုပ်ပြီး ဆွေးနွေးသူအဖြစ် ဒေါက်တာ ခင်ဇော်ဝင်း ( Tanpadipa Institute )၊ မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ) နှင့် စာရေးဆရာကျော်ဝင်း တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဒီမိုကရေစီအရေးကို ခြိမ်းခြောက်ခံနေရသော အကြမ်းဖက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာစိန်ခေါ်မှုများ၊ပြည်ပမီဒီယာများ၏ ရခိုင်အရေးအပေါ် စွပ်စွဲရေးသားမှုများ၊ တပ်မတော်အခန်းကဏ္ဍနှင့် လက်ရှိအစိုးရ၏ စိန်ခေါ်မှုများအကြောင်းကို အဓိက ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ဆွေးနွေးဟောပြောပွဲသည် သုံးနာရီခန့်ကြာခဲ့ပြီး ပရိတ်သတ်များ သိချင်သည့်မေးခွန်းမေးမြန်းမှုများလည်း ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မကြာခဏဆွေးနွေးဟောပြောပွဲများကို ဦးဆောင်ပြုလုပ်လေ့ရှိပြီး ယနေ့ပွဲသည် ၂၀၁၇ ခုနှစ်အတွင်း ငါးကြိမ်မြောက်ပွဲလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly