ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်အတွင်းဆုဖလားငါးခု ရရှိ

ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်အတွင်းဆုဖလားငါးခု ရရှိ

ဒီဇင်ဘာ ၂၇၊ အဘူဒါဘီ ။           ။ ရီးယဲလ်အသင်းသည် ဖီဖာကမ္ဘာ့ကလပ်ဖလားကို ရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းတို့အသင်း၏သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် နှစ်တစ်နှစ်အတွင်း ဆုဖလားငါးလုံးရယူနိုင်ခဲ့သည်။

ဖီဖာကမ္ဘာ့ကလပ်ဖလားဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းသည် ဂရီမီယိုအသင်းအား စီရော်နယ်ဒို၏ တစ်လုံးတည်းသော ဖရီးကစ်သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဖီဖာကမ္ဘာ့ကလပ်ဖလားကို သုံးကြိမ်မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် ချန်ပီယံဆုကာကွယ်နိုင်သည့် ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။

ရီးယဲလ်အသင်းသည် ၂၀၁၇ ခုနှစ်အတွင်း စပိန်စူပါဖလား၊ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနှင့် ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ရယူနိုင်ခဲ့သည်။

ရီးယဲလ်အသင်းသည် ၂၀၁၇ ခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအားလုံးတွင် ကိုပါဒယ်ရေးဖလားတစ်လုံးကိုသာ လက်လွှတ်ခဲ့ရသည်။ ထိုဖလားကို ဘာစီလိုနာအသင်းက ရယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags