၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၃)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၃)
၃၁။ ၂၀၁၇ ဧပြီ ၂၆ ရက်က တောင်ဆူဒန်နိုင်ငံ Eastern Lakes States ပြည်နယ်ရှိ Mingkaman ဒုက္ခသည်စခန်းက ယာယီဆေးရုံတစ်ခုမှာ ဝမ်းရောဂါကြောင့် သေဆုံးသွားသူတစ်ဦးအနီးမှာ မိသားစုဝင်ဆွေမျိုးတွေ ဝိုင်းဝန်းငိုကြွေးနေကြတာကို တွေ့ရတာဖြစ်ပါတယ်။ နေအိမ်စွန့်ခွာထွက်ပြေးကြသူများသည့် အနီးအနားပြည်နယ်တွေကနေ နိုင်းမြစ်ကို ဖြတ်ပြီး ယင်း Mingkaman ဒုက္ခသည်စခန်းကို ရောက်ရှိလာနေခဲ့ကြပါတယ်။ (ဓာတ်ပုံ - Fabio BUCCIARELLI/AFP)

အေအက်ဖ်ပီမှ ရွေးချယ်ထားတဲ့ ၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အပိုင်းလိုက်ခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။

၃၂။ ပြင်သစ်ရဲ့ CRS အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ခန္ဓာကိုယ်တွေပေါ်မှာ မီးစွဲလောင်နေတာကို တွေ့ရတာဖြစ်ပါတယ်။ ၂၀၁၇ မေလ ၁ ရက်က ပါရီမြို့မှာ နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အလုပ်သမား ချီတက်ပွဲအတွက် ချီတက်မှုတစ်ခုအတွင်း ဆန္ဒပြသူတွေနဲ့ ယင်း အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။  (ဓာတ်ပုံ - Zakaria ABDELKAFI/AFP)

၃၃။  ဒါကတော့ ၂၀၁၇ မေလ ၃ ရက်က ဗင်နီဇွဲလားနိုင်ငံက ဆန္ဒပြသူတစ်ဦးရဲ့ခန္ဓာကိုယ်မှာ မီးစွဲလောင်နေပုံကို တွေ့ရတာဖြစ်ပါတယ်။ ကာရာကက်စ်မြို့မှာ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုအတွင်း  အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ နိုင်ငံမှာ သမ္မတ မာဒူရိုဟာ အာဏာကို ဆက်လက်ရယူထားချင်နေတဲ့အတွက် ဖွဲ့စည်းပုံအသစ် ပြန်ရေးပြီး ရွေးကောက်ပွဲကျင်းပပေးဖို့ ဝေ့ပတ်နေတယ်ဆိုပြီး ဗင်နီဇွဲလားအတိုက်အခံအုပ်စုဘက်ကနေ စွပ်စွဲကာ လမ်းထွက်ဆန္ဒပြပွဲတွေကျင်းပဖို့ ဆော်သြခဲ့ကြပါတယ်။  (ဓာတ်ပုံ - RONALDO SCHEMIDT / AFP)

၃၄။ ၂၀၁၇ မေလ ရ ရက်က ပါရီမြို့က Louvre Museum မှာ မိန့်ခွန်းပြောကြားဖို့ ရောက်လာခဲ့တဲ့ ပြင်သစ်သမ္မတလောင်း အီမန်နျူရယ် မက်ခရွန်ကို တွေ့ရတာဖြစ်ပါတယ်။  ပြိုင်ဘက် အမျိုးသားတပ်ဦးပါတီ ကိုယ်စားလှယ်အပေါ် အနိုင်ရခဲ့ပြီးနောက် မက်ခရွန်ဟာ ၂၀၁၇ မေ ရ ရက်မှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - Philippe LOPEZ / AFP)

၃၅။ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ ၂၀၁၇ မေ ၁၈ ရက်က သမ္မတ နီကိုလပ်စ် မာဒူရိုကို ဆန့်ကျင်တဲ့ လူထုစည်းဝေးပွဲတစ်ခုအတွင်း အကူအညီတောင်းဆိုနေတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦးကို တွေ့ရစဉ်ဖြစ်ပါတယ်။ ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် Henrique Capriles ကလည်း ၎င်းရဲ့ ပတ်စ်ပို့ကို အာဏာပိုင်တွေက သိမ်းထားလိုက်ပြီး သူ့ကိုလည်း ပြည်ပကို မထွက်နိုင်အောင် တားမြစ်ထားတယ်လို့ ထုတ်ဖော်စွပ်စွဲခဲ့ပါတယ်။ ၎င်းဟာဆိုရင် နိုင်ငံမှာ ကြံုတွေ့နေရတဲ့အကျပ်အတည်းကို ကုလတာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးဖို့ နယူးယော့ခ်ကို သွားဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ယင်းတစ်ချိန်တည်းမှာပဲ ဗင်နီဇွဲလားဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ရက်သတ္တပတ် ခုနှစ်ပတ်ဆက် လုပ်ဆောင်ခဲ့ပြီး နိုင်ငံမှာ အကျပ်အတည်း ကြံုတွေ့နေရစဉ် ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကြံုးဝါးခဲ့ကြပါတယ်။ (ဓာတ်ပုံ - JUAN BARRETO / AFP)

၃၆။ ပြင်သစ်တောင်ပိုင်း ကိန်း ရုပ်ရှင်ပွဲတော်မှာ ပြုလုပ်တဲ့ 'Okja' ရုပ်ရှင်ဇာတ်ကားအထူး ပြသမှုအခမ်းအနားကို တက်ရောက်လာတဲ့ အိန္ဒိယ မင်းသမီး Aishwarya Rai Bachchan ကို ၂၀၁၇ မေ ၁၉ ရက်က တွေ့ရစဉ်ဖြစ်ပါတယ်။ (ဓာတ်ပုံ - Antonin THUILLIER / AFP)

၃၇။ North Carolina ပြည်နယ် Altamahaw မှာ ၂၀၁၇ မေ ၁၉ ရက်က မော်တော်ကားပြိုင်ပွဲတစ်ခုကို ကြည့်ရှုနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - Brendan Smialowski / AFP)

၃၈။ ၂၀၁၇ မေ ၂၀ ရက်က ဗင်နီဇွဲလားမှာ သမ္မတ မာဒူရို အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲအတွင်း အတိုက်အခံတက်ကြွလှုပ်ရှားသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ ထိပ်တိုက်တွေ့နေစဉ်ဖြစ်ပါတယ်။ နိုင်ငံရေးအကျပ်အတည်းအောက် ရောက်နေတဲ့ ယင်းနိုင်ငံမှာတော့ အတိုက်အခံ ဆန္ဒြုပသူတွေနဲ့ သမ္မတ မာဒူရိုကို ထောက်ခံသူတွေဟာ လမ်းမတွေပေါ်မှာ အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ (ဓာတ်ပုံ - FEDERICO PARRA / AFP)

၃၉။ ၂၀၁၇ မေ ၂၃ ရက်က ပြင်သစ်တောင်ပိုင်းမှာ အကြိမ် ရ၀ မြောက် ကိန်းရုပ်ရှင်ပွဲတော် ဘေးပန်းအခမ်းအနားဖြစ်တဲ့ De Grisogono ပါတီကို တက်ရောက်ဖို့ ရောက်လာတဲ့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို တွေ့ရစဉ်ဖြစ်ပါတယ်။  (ဓာတ်ပုံ - Yann COATSALIOU / AFP)

၄၀။ ဒီပုံကိုတော့ ၂၀၁၇ မေလ ၂၉ ရက်က ရိုက်ကူးထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်း ဆာတာကောင်တီက Larung Gar ဗုဒ္ဓ Institute မှာ တစ်ဝက်တစ်ပျက် ပြိုပျက် ပျက်စီးနေတဲ့ နေအိမ်အပျက်အစီးတွေကြားမှာ မြေတူးစက်နဲ့ အလုပ်လုပ်နေတဲ့အမျိုးသားတစ်ဦးကို တွေ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးနဲ့ တိဘက်ဗုဒ္ဓ ဘာသာ သင်ကြားရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ Larung Gar ဗုဒ္ဓဌာနမှာ လာရောက်ဆည်းပူးဖို့အတွက် ထောင်နဲ့ချီတဲ့ သံဃာတော်တွေ၊ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေဟာ ယင်း စီချွမ်ပြည်နယ်က ဝေးလံခေါင်းပါးတဲ့ ယင်းကျေးရွာမှာ လာရောက်စုဝေးကြပါတယ်။ သို့ပေမယ့်လည်း အာဏာပိုင်တွေက ယင်းနေရာဟာ အန္တရာယ်ရှိလောက်အောင် ထူထပ်နေပြီဆိုပြီး သတိပေးခဲ့ကာ ၎င်းတို့အားလုံးကို မူလနေရာတွေကို  အတင်းအကျပ် ပြန်ခိုင်းခဲ့ပါတယ်။ (ဓာတ်ပုံ - Johannes EISELE / AFP)

၄၁။ ၂၀၁၇ မေလ ၃၁ ရက်က ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ အမျိုးသားအစောင့် တပ် အဓိကရုဏ်း နှိမ်နင်းရေး ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်ဖြစ်ပါတယ်။ အဓိကရုဏ်းရဲတစ်ဦးက ရာဘာကျည်ဆန်နဲ့ ပစ်နေတာကို နံရံတစ်ခုမှာ အကာအကွယ်ယူဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေရဲ့ ပုံဖြစ်ပါတယ်။ ဗင်နီဇွဲလား အာဏာပိုင်တွေကတော့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အဖွဲ့တစ်ခုဖွဲ့စည်းဖို့ ကိုယ်စားလှယ်တွေကို စတင်ခန့်အပ်ခဲ့ပါတယ်။ ယင်း ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကြောင့်ပဲ နိုင်ငံမှာ လူသေဆုံးစေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ပေါ်ပေါက်စေခဲ့တာဖြစ်ပါတယ်။ သမ္မတ နီကိုလပ်စ် မာဒူရိုဟာ မဟာမိတ်တွေနဲ့ ပေါင်းပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့ပါတယ်။ (ဓာတ်ပုံ - JUAN BARRETO / AFP)

၄၂။ ၂၀၁၇ ဇွန်လ ရ ရက်က ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တွေ့တွေ့စဉ်မှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦး အကာအကွယ်ရယူနေပုံ ဖြစ်ပါတယ်။ ဗင်နီဇွဲလား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗလာဒီမာ ပက်ဒရီနိုကတော့ နိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် မလုပ်ဖို့ ၎င်းရဲ့ တပ်ဖွဲ့ဝင်တွေကို သတိပေးခဲ့ပါတယ်။ နိုင်ငံမှာ နှစ်လကြာ အပြန်အလှန် ထိပ်တိုက်တွေ့မှုအပြီး ယခုလို သတိပေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ လုံခြံုရေးတပ်ဖွဲ့ဝင်တွေဘက်က ဆန္ဒပြသူတွေနဲ့ ဂျာနယ်လစ်တွေကို တိုက်ခိုက်မှုတွေ ရှိတယ်လို့ အတိုက်အခံတွေဘက်က စွပ်စွဲခဲ့ပါတယ်။ (ဓာတ်ပုံ - LUIS ROBAYO / AFP)

၄၃။ ၂၀၁၇ ဇွန်လ ၈ ရက်က အမေရိကန် ကွန်ဂရက်အဆောက်အအုံ ထောက်လှမ်းရေးဆိုင်ရာ ဆိနိတ်ကော်မတီရှေ့မှောက်မှာ ကျမ်းကျိန်နေတဲ့ ထုတ်ပယ်ခံ FBI ဒါရိုက်တာဟောင်း James Comey ကို တွေ့ရစဉ်ဖြစ်ပါတယ်။ FBI ဒါရိုက်တာဟောင်း James Comey ဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲအတွင်း ရုရှခြေထိုးမှု အရှုပ်အထွေးကိစ္စနှင့်ပတ်သက်လို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ (ဓာတ်ပုံ - Brendan Smialowski / AFP)

၄၄။ ၂၀၁၇ ဇွန်လ ၉ ရက်က ၀ါရှင်တန်ဒီစီ အိမ်ဖြူတော်မှာ ရိုမေးနီးယား သမ္မတ Klaus Lohannis နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - Brendan Smialowski / AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly