ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျပ်သန်း ၁၈၀၀၀ ကျော်ဖိုး ဆုံးရှုံးပြီး ကျောင်း ၁၆၀၀ ကျော် ပိတ်ထားရ

ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျပ်သန်း ၁၈၀၀၀ ကျော်ဖိုး ဆုံးရှုံးပြီး ကျောင်း ၁၆၀၀ ကျော် ပိတ်ထားရ
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ကျေးရွာမှ စာသင်ကျောင်း တစ်ကျောင်း  မြစ်ရေလျှံသဖြင့် ရေနစ်မြှုပ်မှုခံစားနေရသည်ကို တွေ့ရစဉ်။  ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ပုသိမ်၊ သြဂုတ် ၂၀ ။       ။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၁၈၆၇၁.၂၇ ရှိပြီး ကျောင်းပေါင်း ၁၆၀၅ ကျောင်းပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကိုက ပြောသည်။

တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက `ပြန်လည်ထူထောင်ရေးအတွက် တိုင်းအစိုးရ လုပ်ဆောင်ပေးမှာပါ။ လယ်တွေပြန် စိုက်ဖို့ သင့်ပါမလား၊။ စိုက်ပျိုးရေ ရာသီဥတုကြည့်ရတော့မယ်။ အခု နစ်မြုပ်မှုမှာ ကွမ်းစိုက်သူတွေ အခြားသီးနှံစိုက် တောင်သူတွေအတွက်လည်း တိုင်းအစိုးရက ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်´ဟု မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ် ၃၀၈၈၄၂ ဧက နစ်မြုပ်ခဲ့ပြီး၊ လယ်မြေ ဧက  ၆၈၀၀၀ ကျော် လုံးဝပျက်ဆီးခဲ့သည်။ ရေကြီးနစ်မြုပ်မှုကို တိုင်းအတွင်းရှိ မြို့နယ်  ၁၉မြို့နယ်ရှိ အိမ်ထောင်စု တစ်သိန်းကျော်နှင့် လူဦးရေ လေးသိန်းကျော် ခံစားခဲ့ရသည်။

တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက ``တချိုနေရာတွေမှာ ရေတွေပြန်ကျနေသလို၊တချိုမြို့တွေ ရေတက်နေတာလည်းရှိပါတယ်၊ပြန် လည် ထူထောင်ရေးကိုတော့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင့်ဖိုလုပ်နေတယ်၊လယ်ယာမြေတွေ ပြန် စိုက်ပျိုးနိုင်ဖို့လိုအပ်တယ်၊လယ်သမားတွေ စိုက်စရိတ်ပေးနိုင်အောင်တော့စီစဉ်နေပါတယ်´´ဟု  မဇ္ဈိမကို ပြောသည်။

တိုင်းအစိုးရ အနေဖြင့် မျိုးစပါးများအား အခမဲ့ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးက  ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly