ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး သုံးရက် ကျင်းပ

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး သုံးရက် ကျင်းပ

တောင်ကြီး၊ သြဂုတ် ၂၀ ။         ။ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည်။

လွှတ်တော်အစည်းအဝေးပထမနေ့၌  ပြည်နယ်ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် ရန်ပုံငွေတွင် ပါဝင်သော အဖွဲ့အစည်းများ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက်ဖြည့် စွက်ခွင့်ပြုငွေ တောင်းခံခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဦးစိုင်းနု က  ရှမ်းပြည်နယ်တိုင်းရင်းဆေးဆရာများနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း ၍ ဥပဒေ တစ်ခုလုံးကို အတည်ပြုပေး နိုင်ရေးအတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လွှတ် တော်သို့ တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

လွှတ်တော်အစည်းအဝေးဒုတိယနေ့တွင် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက ရှမ်းပြည်နယ် အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေ(မူကြမ်း)၊ ရှမ်းပြည် နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေးဥပဒေ(မူကြမ်း)တို့အားလည်းကောင်း ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ရှမ်းပြည်နယ် ယစ်မျိုးခွန် ဥပဒေ (မူကြမ်း)အားလည်းကောင်း လွှတ်တော်သို့ အသီးသီး တင်သွင်းခဲ့သည်။

လွှတ်တော်အစည်းအဝေးတတိယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်း လာသော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင်အား ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရန်အတွက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က သဘောတူညီသဖြင့် ဗိုလ်မှူးကြီးစိုးမိုးအောင်က ကတိသ စ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly