တရားဥပဒေအခြေခံထားသည့် ပန်းနှစ်ပွင့်စီးချင်း ဇာတ်လမ်းတွဲ MRTV ရုပ်သံလိုင်းတွင် ပြသမည်

တရားဥပဒေအခြေခံထားသည့် ပန်းနှစ်ပွင့်စီးချင်း ဇာတ်လမ်းတွဲ MRTV ရုပ်သံလိုင်းတွင် ပြသမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။                      ။ Aung Pyi Entertainment မှ စီစဉ်ပြီး ဒါရိုက်တာ မင်းခိုက်စိုးစံ ရိုက်ကူး ပုံဖော်ထားသည့် ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲကို ဇန်နဝါရီ ၃ရက်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV) ရုပ်သံလိုင်းတွင် ထုတ်လွှင့် ပြသတော့မည် ဖြစ်သည်။

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ပြီး သရုပ်ဆောင်များ နှင့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ထိုရုပ်သံဇာတ်လမ်းတွဲသည် Aung Pyi Entertainment ၏ ပွဲဦးထွက် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပြီး ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင် ၊ ဒါရိုက်တာ မင်းခိုက်စိုးစန် မှ ရိုက်ကူးထားပြီး သရုပ်ဆောင် ကိုကိုလင်းမောင် ၊ ထူးသာ၊ စိုးရန်အောင် ၊ ပိုင်ဖြိုးသု ၊ မေဘရဏီသော် နှင့် အတူ အနုပညာရှင်များစွာ ပါ၀င် ထားကြသည်။

တရားဥပဒေကို အခြေခံထားပြီး ရှေ့နေအမျိုးသမီး နှစ်ဦး၏ ၎င်းတို့အလုပ်ပေါ်တွင် ကြိုးစားအားထုတ်မှု ကို စိတ်ဝင်းစားအောင် ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ တစ်ခုဖြစ်ကာ ဥပဒေကို နားမလည်သောကြောင့် မှားယွင်း ခဲ့သည့် အမှားအယွင်းကိုလည်း ထည့်သွင်း ရိုက်ကူးထားပြီး ဥပဒေ နှင့် တရားမျှတမှု ၊ ဥပဒေ နှင့် အမှန်တရား ၊ ဥပဒေ နှင့် သက်သေ စသည် တို့ကို ပရိသတ်များ ကြည့်ရှုရမည် ဖြစ်သည်။

သရုပ်ဆောင် ပိုင်ဖြိုးသု သည် ထိုရုပ်သံ ဇာတ်လမ်းတွဲတွင် ရဲရင့်တက်ကြွသည့် ရှေ့နေမလေး ရွှေဇဝါ အဖြစ် သရုပ်ဆောင် ထားသလို ၊ မလျော့တမ်း ကြိုးစားတတ်သည့် ရှေ့နေမလေး မေခတ္တာ အဖြစ် သရုပ်ဆောင် ထားကြသည်။

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV) ရုပ်သံလိုင်းတွင် ဇန်နဝါရီလ ၃ရက် မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာနေ့ များတွင် ည ရနာရီ မှ ၈နာရီ ကြားတွင် ပြသသွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly