သဘာဝဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီး ဆေးလိပ်ဖြတ်ခြင်း

သဘာဝဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီး ဆေးလိပ်ဖြတ်ခြင်း

ရေးသားသူ Yun Sandi Nan Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စသောက်ပြီး အရွယ်ရောက်တဲ့အခါမှာလည်း ဆေးလိပ်သောက်သုံးမြဲသောက်သုံးမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆေးလိပ်သောက်သုံးမှုရဲ့ အန္တရာယ်ကတော်တော်ကို ဆိုးရွားလွန်းလှပါတယ်။

ဆေးလိပ်သောက်သုံးမှုက မျိုးပွားအင်္ဂါဆီကိုသွေး ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးတဲ့အမျိုးသားတွေဟာ ပန်းသေပန်းညှိုးရောဂါကို ခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးမှုက အမျိုးသမီးတွေရဲ့ မျက်နှာပြင်ပေါ်က ဆံချည်မျှင်သွေးကြောလေးတွေကို ပျက်စီးစေတာကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့မျက်နှာမှာ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေထက် အရေးအကြောင်းတွေအရွယ် မတိုင်ခင်ဖြစ်ပေါ်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသားတွေမှာလည်း အရွယ်မတိုင်ခင် မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်မသောက် သင့်တာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေကို အဓိကထားဖော်ပြထားတဲ့အချက်များစွာ ပါဝင်တာကို တွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်စေမယ့် သဘာဝ ဆေးဖက်ဝင် အပင်အချို့ကို ပြောပြချင်ပါတယ်။

၁။ နွယ်ချို

နွယ်ချိုဟာ ဆေးလိပ်မသောက်အောင်တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးလို့ယူဆနေကြပါတယ်။ နွယ်ချို ကလူတွေအကျင့်ဆိုးကိုဖျောက်ဖျက်ပစ်တဲ့အခါ အထောက်အကူပြုတယ်ဆိုတဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။

ဘယ်လိုအကျိုးဖြစ်ထွန်းစေသလဲ။

နွယ်ချိုက ဆေးပြင်းလိပ်နဲ့ခပ်ဆင်ဆင်ဆင်တူပါတယ်။ သင့်အနေနဲ့နွယ်ချိုတစ်ချောင်းကို လက်ထဲမှာကိုင်ထားပြီး စီးကရက်သောက်ချင်လာတဲ့အခါတိုင်း နွယ်ချိုရဲ့အရသာ ကိုခံစားကြည့်ပါ။ နွယ်ချိုစားသုံးပေးတာက စီးကရက်စွဲ နေသူတွေမှာ ဆေးလိပ် သောက်သုံးချင်တဲ့ အာသီသကို ပြေပျောက်စေအောင်လုပ် ဆောင်ရာမှာအထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။

သိထားသင့်တာတစ်ခုက နွယ်ချိုနဲ့နွယ်ချိုကနေရရှိတဲ့ အဆီအနှစ်က တော်သင့်ရုံပမာဏအသုံးပြုမှုက ဘေးကင်းတယ်ဆိုတာပဲဖြစ်ပါတယ်။ နွယ်ချိုကိုပုံမှန် အသုံးပြုတဲ့ပမာဏက တစ်နေ့ကို လက်ဖက်ရည် ၃ ခွက်လောက်အထိသောက်တဲ့ပမာဏနဲ့ညီမျှပါတယ်။ ရေရှည် ( ၆ ပတ်ထက်ပိုပြီး) အသုံးပြုမယ်ဆိုရင်ပဲဖြစ်ဖြစ် ပမာဏများစွာသောက်သုံးရင်ပဲဖြစ်ဖြစ် ခေါင်းကိုက်တာ၊ လေးလံထိုင်းမှိုင်းတာ၊ ဆိုဒီယမ်နဲ့ရေဓာတ်ကုန်ခမ်းတာ၊ ပိုက်ဆီယမ်ဆုံးရှုံးမှုများတာနဲ့သွေးတိုးတာမျိုးဖြစ်ပေါ် ခံစားရစေနိုင်ပါတယ်။

၂။ Red clover (Trifolium pratense)

Red clover ဟာ ကင်ဆာကာကွယ်နိုင်တယ်လို့ ရှေးယခင် ကတည်းကသတင်းကြီးပါတယ်။ ကင်ဆာဝေဒနာမှာ အကျိတ်တွေကြီးထွားဖို့အတွက် သွေးထောက်ပ့ံမှုရရှိဖို့ လိုအပ်ပါတယ်။ သူတို့က ဇီဝဓာတု ပစ္စည်းများထုတ်လွှတ်ပြီး ကင်ဆာဆဲလ်များကို ထောက်ပံ့ပေးသော သွေးကြောသစ်များ ဖြစ်ပွားမှုကိုတားဆီးပါတယ်။

ကင်ဆာသုတေသနများတွင် သွေးကြောသစ်များတည်ဆောက်ခြင်းကိုတားဆီးပြီး ကင်ဆာဆဲလ်များသေဆုံးအောင် ရည်ရွယ်သော ဓာတုပစ္စည်းများကိုဖော်ထုတ်ဖို့ ကြိုးစားလာကြပါတယ်။ ထိုအထဲတွင် red clover တွင်ပါ၀င်သော ဒြပ်ပစ္စည်းတစ်ခုဖြစ်သော သွေးကြောသစ်ဖွဲ ့စည်းမှုကို ဆန့်ကျင်သော genistein ပါ၀င်ပေသည်။

ဆေးလိပ်ဖြတ်ထားသူများသည် လတ်ဆတ်သော red clover အပွင့်များ (သိုု့) genistein ပါ၀င်သော အခြား စားလို့ရသော ဆေးဖက်ဝင်အပင်များ (မြေပဲ၊ ပဲပိစပ်)ကို အရွက်သုပ်ထဲတွင် ထည့်စားနိုင်ပါတယ်။ ထိုအစားအစာများက ဆေးလိပ်သောက်နေသူများ၊ ဆေးလိပ်ဖြတ်ထားသူများ၏ စိတ်အာသီသကို ကျေနပ်မှုရစေပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုအစားအသောက်ထဲတွင် ပါ၀င်သော genistein သည် အစပျိုးနေသော ကင်ဆာအကျိတ်များကို တိုက်ထုုတ်ပေးပါသည်။

သင့်မှာ ဆေးလိ်ပ်ဖြတ်ဖို့ လွန်စွာ ခက်ခဲနေလျှင် red clover လက်ဖက်ရည်သောက်ခြင်းလိုမျိုးအခြား အလေ့အကျင့်ကောင်းတစ်ခုကို ပြောင်းလဲပျိုးထောင်ပေးလို့ရပါတယ်။

၃။ မုန်လာဥနီ

ကျွန်တော်တို့ အခုနောက်ပိုင်း အကျွမ်းတဝင်ဖြစ်လာတဲ့ ကာရိုတီးနွိုက်ဓာတ် (Carotenoids) က ဗီတာမင်အေ နဲ့ဆက်စပ်နေတဲ့ ဓာတုဓာတ်တစ်မျိုးက မုန်လာဥနီရဲ့ လိမ္မော်ရောင်ကို ဖြစ်စေပါတယ်။သည်ဓာတ်က ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ကာရိုတီးနွိုက်ဓာတ်ကို ဆေးတောင့်တွေ သောက်သုံးတာထက်မုန်လာဥနီနဲ့ အခြားအစားအသောက်တွေကနေ ပိုမိုရရှိပါတယ်။
စီးကရက်ကသာ ကင်ဆာဖြစ်စေတဲ့အရာဆိုရင် မုန်လာဥနီက ကင်ဆာကာကွယ်တိုက်ဖျက်ပေးတဲ့ အရာ ပဲဖြစ်ပါတယ်။ အခြားသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် တွေမှာလည်း ကာရိုတီးနွိုက်ဓာတ်ပါဝင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို များများ စားသုံးပေးပါက အဆုတ်ကင်ဆာလိုမျိုး ကြီးမားတဲ့ ကင်ဆာရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆေးလိပ်မဖြတ်လိုက်ဘူးဆိုရင်တောင်မှ မုန်လာဥနီကို စားသုံးပေးသင့်ပါတယ်။

၄။ တောင်ကြီးပဲ

တောင်ကြီးပဲမှာ L-dopa ပါ၀င်ပြီး ဦးနှောက်ထဲရောက်သောအခါ ထိုဓါတ်သည် dopamine အဖြစ်သို့ပြောင်းလဲသည်။ တောင်ကြီးပဲက နီကိုတင်း အာသီသ ဖြစ်မှုကိုလျော့ပါးအောင် အကူအညီပေးပါတယ်။ အီတလီက သိပ္ပံပညာရှင်တွေက ဦးနှောက်ထဲမှာရှိတဲ့ စိတ်ခံစားမှုကို အဓိကထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းကို ဒိုပါမင်းက သက်ရောက်မှုရှိတာကို တွေ့ရှိရပါတယ်။ ဒိုပါမင်းဟာ ဆေးစွဲပစ္စည်းတွေ အသုံးပြုချိန်ဖြစ်ပေါ်သော စိတ်ပျော်ရွှင်မှု ခံစားချက်နှင့် ဆက်စပ်မှုရှိပါတယ်။

Bupropion ဟာတန်ဖိုးကြီးတဲ့ ဒိုပါမင်းဓာတ်ကို တိုးမြှင့်ပေးတဲ့ဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ သည်ဆေးကို ဆေးလိပ်ဖြတ်တဲ့သူတွေကို ကူညီပေးတဲ့အစီအစဉ်မှာ အသုံးပြုဖို့ အစောကတည်းကအတည်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။ တောင်ကြီးပဲ နဲ့ ၎င်းနဲ့မျိုးရင်းတူ ပဲကတ္တီပါ တို့က ပိုမိုဈေးသက်သာပြီး ထိရောက်မှုရှိပါတယ်။

၅။ နနွင်း

အိန္ဒိယကသုတေသနတစ်ခုမှာ နေ့စဉ် နနွင်းကို အသုံးပြုသူသော ၀ါရင့်ဆေးလိပ်သမားတွေဟာ နနွင်းလုံးဝအသုံးမပြုသူတွေနဲ့ နှိုင်းယှဉ်လျှင် ခန္ဓာကိုယ်ကနေ ကင်ဆာဖြစ်စေသောပစ္စည်း ၃ ဆ ကနေ ၈ဆ ပိုမိုစွန့််ထုတ်ဖယ်ရှားပေးတာကို တွေ့ရသည်။ စမုန်ဖြူ၊ပင်ပွားနဲ့ နနွင်း ပမာဏအနည်းငယ်နှင့်တောင် ကင်ဆာဖြစ်နိုင်ခြေကို ကျဆင်း စေနိုင်တာကိုတွေ့ရပါတယ်။

စီးကရက်နဲ့စီးကရက်ငွေ့တွေကို အစပိုင်းမှာတင်ရှောင်ရှား တာကအစောဆုံး ကာကွယ်မှုဖြစ်ပါတယ်။ ဆေးလိပ်ဖြတ် နိုင်ပါက ကိုယ့်အသက်ကိုယ် ကာကွယ်ကယ်တင်ရာ ရောက်သလို ချစ်ခင်ရသူတွေနဲ့လည်း အသက်ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို သဘာဝအတိုင်းစွမ်းအားမြှင့်တင်ပေးတဲ့အရာတွေနဲ့ ရောဂါတွေကိုတိုက်ထုတ်နိုင်ခွင့်ရရှိစေမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly