IPPF လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံချက်က ရေဘေးသင့်ဒေသ အချို့အတွက် သုံးလအတွင်း ကန်ဒေါ်လာ ၃၇၀၀၀ သုံးမည်

IPPF လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံချက်က ရေဘေးသင့်ဒေသ အချို့အတွက် သုံးလအတွင်း ကန်ဒေါ်လာ ၃၇၀၀၀ သုံးမည်

ရန်ကုန်၊ သြဂုတ် ၂၀ ။          ။ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှု ကိုထောက်ပံ့မှုပေးသည့် IPPF လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စီမံချက်အရမြန်မာနိုင်ငံ ၏ရေဘေးသင့်ဒေသ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်မည်ဖြစ်ပြီး သုံးလအတွင်း ကန်ဒေါ်လာ ၃၇၀၀၀ သုံးမည်ဟု သြဂုတ် ၂၀ ရက်က ထုတ်ပြန်ချက် ထုတ်ကြေညာသည်။

အဆိုပါ ငွေကြေးကို သြဂုတ်လမှ စပြီး သုံးလအတွင်း အသုံးပြုသွားမည်ဖြစ်ပြီး IPPF လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စီမံချက်၏ လက်ထောက်ဥက္ကဌဖြစ်သူ အက်ဒီတီဂေါ့ရှ်က  ” လူပေါင်း ၃၀၀၀ ကျော်ထက်မနည်းကို ထောက်ပံ့ကူညီပေးသွားမှာပါ။ သြဂုတ်မှစပြီး သုံးလတာကာလအတွက် အမေရိကန် ဒေါ်လာ ၃၇၀၀၀ သုံးပါမယ်။”ဟု ပြောခဲ့သည်။

Australian Department of Foreign Affairs and Trade (DFAT) က ရန်ပုံငွေ မတည် ထူထောင် ထားသည့် IPPF လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စီမံချက်က မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး မြို့နယ်တွင် အရေးကြီး သည့် ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုများနှင့်  လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်လျက်ပေးနေသည်။

IPPF အရှေ့နှင့် အရှေ့တောင်အာရှနှင့် သမုဒ္ဒရာဒေသများအဖွဲ့၏ ဒေသဆိုင်ရာမန်နေဂျာ နိုရာမူရတ်က  ”အခြေခံလိုအပ်ချက်ဖြစ်သည့် အဝတ်အထည်နဲ့ ဆေးဝါးများအပါအဝင် အကူအညီ များကို ဝေငှပေးပါတယ်။”ဟု ပြောသည်။

The International Planned Parenthood Federation (IPPF) သည် လိင်နှင့် မျိုးဆက် ပွားကျန်းများရေး SRH ဝန်ဆောင်မှုအတွက်  ဦးဆောင်ထောက်ပံ့မှုပေးသည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြား အဖွဲ့များနှင့် အတူ သြစတြေးလျ အစိုးရ၏ ရေဘေး အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့်  နေရာဒေသ တော်တော်များများ ရေလွှမ်းမိုးမှုကို ခံစားရပြီး ရေဘေးသင့် အန္တရာယ် ခံစားရသူ တစ်သန်းကျော်ရှိကာ လူတစ်ရာကျော် သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags