ဆိုင်ကယ်အင်ဂျင်ဝိုင် Kixx Ultra 4T အသုံးပြုသူများကို ဆိုင်ကယ်အပါအဝင် ဆုများမဲဖောက်ချီးမြှင့်ခဲ့

ဆိုင်ကယ်အင်ဂျင်ဝိုင် Kixx Ultra 4T အသုံးပြုသူများကို ဆိုင်ကယ်အပါအဝင် ဆုများမဲဖောက်ချီးမြှင့်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။          ။ ဆိုင်ကယ်အင်ဂျင်ဝိုင် Kixx Ultra 4T အသုံးပြုသူများအတွက် ဆိုင်ကယ်အပါအဝင်ကံစမ်းမဲများပါရှိသည့် GS Oil Kixx၏ ကံထူးရှင်ရွေးချယ်ပွဲကို ရန်ကုန်မြို့ နဝဒေးလမ်းရှိ Craft Café ၌  ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးရှိ Kixx Ultra 4T သံဗူး အသုံးပြုသူများအတွက် ကံထူးရှင်ရွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ဆုမဲများ အနေဖြင့် မော်တော်ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ Air Cooler၊ Handset၊ Helmetတို့ကို ထည့်သွင်းပေးထားသည်။

ဆိုင်ကယ်အင်ဂျင်ဝိုင် တစ််ဗူးဝယ်ယူသူတိုင်းအား ကူပွန်တစ်ဆောင်စီပေးကာ ယခုကဲ့သို့ ကံစမ်းမဲဖောက် ပေးခဲ့ခြင်းဖြစ်သည်ဟု Eternal ကုမ္ပဏီ၏ မြန်မာပြည်ဆိုင်ရာမန်နေဂျာ ဦးသင်းတူက ဆိုသည်။

အင်ဂျင်ဝိုင်အသုံးပြုသူများအတွက်ကံစမ်းမဲဖောက်ပေးခဲ့ရာတွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ မုံရွာ စသည့်မြို့များ ပါဝင်နေသည်။

"ဆိုင်ကယ်သုံးတဲသူတွေအနေနဲ့ ကိုယ်သုံးတဲ့အင်ဂျင်ဝိုင်အမျိုးအစားကိုသိစေချင်တယ် ကိုကဘာသုံးရမယ်ဆိုတာ ဥပမာ ဆိုင်ကယ်တစ်စီးဝယ်တယ်ဆိုတာ အလကားရတာမဟုတ်ဘူးနော် ပိုက်ဆံပေးဝယ်ရတာပေါ့ အဲဒီတော့ကိုယ့်ပစ္စည်းလေးကိုတန်ဖိုးထားမယ် ရိုရိုသေသေသုံးမယ် သက်တမ်းရှည်ဖို့ဆိုရင်တော့ အရည်သွေးရှိတဲ့အင်ဂျင်ဝိုင်တွေကို သုံးစေချင်ပါတယ်"ဟု Eternal ကုမ္ပဏီ၏ မြန်မာပြည်ဆိုင်ရာမန်နေဂျာ ဦးသင်းတူက အကြံပြုသည်။

ထို့အပြင် ဆိုင်ကယ်အင်ဂျင်ဝိုင်စျေးကွက်အတွင်း၌ ကားအင်ဂျင်ဝိုင်များကို ဆိုင်ကယ်အင်ဂျင်ဝိုင်အဖြစ် ရောင်းချနေသည်များရှိသည်ဟု ဆိုင်ပိုင်ရှင် ကိုကျော်စွာဝင်းမှ ပြောသည်။

"တချို့ကျတော့လည်း မတက်နိုင်တဲ့သူတွေ အဲ့လို(ကားအင်ဂျင်ဝိုင်မှ ပြောင်းထားသော ဆိုင်ကယ် အင်ဂျင်ဝိုင် )တွေကို သုံးတာရှိတယ်။ တတ်နိုင်တဲ့သူကျတော့လည်း ကောင်းကောင်းလေးထည့်တာပေါ့"ဟု ဆိုင်ပိုင်ရှင် ကိုကျော်စွာဝင်းက ပြောသည်။

ယခု Kixx Ultra 4Tအင်ဂျင်ဝိုင်မှာ စျေးနူန်းအားဖြင့် ၄၅၀၀ကျပ်ဝန်းကျင်ရှိပြီး စျေးနူန်းသင့်သည့် ဆိုင်ကယ် သီးသန့်အင်ဂျင်ဝိုင်ဖြစ်သည်ဟု ကိုကျော်စွာဝင်းက ဆိုသည်။

၎င်းအင်ဂျင်ဝိုင်များကို Eternal ကုမ္ပဏီက မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေ ပြီး ယခုအချိန်၌ ကုမ္ပဏီ နှစ် ၅၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly