ဂျာမနီအစိုးရမှ ကချင်၊ ရှမ်း၊ ရခိုင်ရှိ ပဋိပက္ခဒဏ်ခံ ပြည်သူများအား လစဉ် ထောက်ပံ့ပေးမည်

ဂျာမနီအစိုးရမှ ကချင်၊ ရှမ်း၊ ရခိုင်ရှိ ပဋိပက္ခဒဏ်ခံ ပြည်သူများအား လစဉ် ထောက်ပံ့ပေးမည်
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ကောင်းထက်စံ
 

ဒီဇင်ဘာ ၁၅ ။              ။ ဂျာမနီအစိုးရသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခ ဒဏ်ခံရသော ပြည်သူများသို့ အခြေခံစားနပ်ရိက္ခာများဖြစ်သော ဆန်၊ ပဲ အမျိုးမျိုးနှင့် ဆားတို့ကို လစဉ်ထောက်ပံ့ပေးသွားမည်ဟု ဂျာမနီသံရုံးမှ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကူညီထောက်ပံ့မှုအတွက် ဂျာမနီအစိုးရမှ ယူရို ၁ သန်းကို မြန်မာနိုင်ငံရှိ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် World Food Program သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Myanmar Country Strategic Plan စီမံကိန်းအတွက် ထောက်ပံ့ငွေ ကူညီခြင်း ဖြစ်ပြီး လူသားအကျိုးပြု လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ယူရို ၁ သန်း ( ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၁၇ သန်း) ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့မှုများအား မည်သည့်ကာလတွင် စတင်ပေးဝေသွားမည်ကို အတိအကျမသိရသေးသော်လည်း လက်ရှိတွင် ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်တွင်လည်း TNLA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ရခိုင်ပြည်နယ်တွင်မူ ပြန်လည်ထူထောင်ရေးနှင့် နေရပ်ပြန်ဒုက္ခသည် များအား နေရာချထားပေးနိုင်ရန် အစိုးရမှ လုပ်ဆောင်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly