အချိန်တစ်ခုရောက်လျှင် ဂရစ်ဇ်မန်း အက်သလက်တီကိုမှ ထွက်ခွာသွားလိမ့်မည်ဟု နည်းပြ ဆီမြွန်နီပြော

အချိန်တစ်ခုရောက်လျှင် ဂရစ်ဇ်မန်း အက်သလက်တီကိုမှ ထွက်ခွာသွားလိမ့်မည်ဟု နည်းပြ ဆီမြွန်နီပြော

 

ဒီဇင်ဘာ ၁၅၊ စပိန် ။              ။ တိုက်စစ်မှူးဂရစ်ဇ်မန်းမှာ အချိန်တစ်ခုရောက်လျှင် အက်သလက်တီကိုအသင်းမှ ထွက်ခွာသွားလိမ့်မည်ဟု နည်းပြဆီမြွန်နီက ပြောဆိုလိုက်သည်။

ဂရစ်ဇ်မန်းကို ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက မန်ယူအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ပြင်သစ်တိုက်စစ်မှူးက အက်သလက်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သည်။

အက်သလက်နှင့်စာချုပ်သက်တမ်းတိုးထားသော်လည်း လက်ရှိအချိန်အထိ ဂရစ်ဇ်မန်းကို ထိပ်သီးအသင်းကြီးများက ခေါ်ယူရန် အလိုရှိနေကြသည်။ အက်သလက်နည်းပြ ဆီမြွန်နီက ဂရစ်ဇ်မန်းအား ဒီယေဂိုကော်စတာနှင့်အာဒါတူရန်တို့ကဲ့သို့ အသင်းမှ ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော့်ကစားသမားတွေကို အရမ်းချစ်ပါတယ်။ ပြီးတော့ သူတို့ တိုးတက်တာကိုလည်း မြင်ချင်ပါတယ်။ ကျွန်တော်က ကျေးဇူးမသိတတ်တဲ့သူမျိုးမဟုတ်ပါဘူး။

ကစားသမားတစ်ယောက်က… နည်းပြရေ… ကျွန်တော့်ကိုအသင်းကထွက်ခွာခွင့်ပြုပါ။ အဲ့ဒီအသင်းမှာ ကစားခွင့်ရဖို့က တစ်သက်မှာ တစ်ခါပဲ ရတဲ့အခွင့်အရေးပါလို့ ပြောလာခဲ့မယ်ဆိုရင်… ပြီးတော့သူက ဂရစ်ဇ်မန်းလို သူစွမ်းနိုင်သလောက် ကျွန်တော့်အတွက် ကစားပေးခဲ့တယ်ဆိုရင်… ပြဿနာမရှိဘူးလို့ ကျွန်တော်ပြောမှာပါ။ သူ့အတွက် တိုးတက်မှုလိုအပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဂရစ်ဇ်မန်းလည်း အချိန်တစ်ခုရောက်ရင် ဒီယေဂိုကော်စတာနဲ့ အာဒါတူရန်တို့လို အက်သလက်အသင်းကနေ ထွက်ခွာသွားပါလိမ့်မယ်” ဟု ဆီမြွန်နီက ပြောဆိုခဲ့သည်။

ဂရစ်ဇ်မန်းသည် ယခုနှစ်ရာသီတွင် အက်သလက်အသင်းအတွက် ၁၈ ပွဲ ပါ၀င်ကစားပေးခဲ့ရာတွင် ရ ဂိုးသွင်းယူထားသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီသုံးခုက တစ်ရာသီလျှင် ပျမ်းမျှ ၂၅ ဂိုးစီ သွင်းယူပေးခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly