ကမ္ဘာကြီးက အမြဲအမှတ်ရနေရမယ့် ကမ္ဘာ့အမြန်ဆုံးအပြေးသမား

ကမ္ဘာကြီးက အမြဲအမှတ်ရနေရမယ့် ကမ္ဘာ့အမြန်ဆုံးအပြေးသမား

 

ကမ္ဘာကြီးက အမြဲအမှတ်ရနေရမယ့် ကမ္ဘာ့အမြန်ဆုံးအပြေးသမားတစ်ဦးရှိပါတယ်။ သူ့ရဲ့နာမည်ကတော့ အူစိန်ဘော့ပါ။

အူစိန်ဘော့ဟာ ကမ္ဘာ့ချန်ပီယံဆု ၁၁ ခုနဲ့ အိုလံပစ်ရွှေတံဆိပ်ဆု ၈ ခုအထိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ ပြိုင်ပွဲ ၃ ခုစလုံးမှာ ကမ္ဘာ့စံချိန်တင်ထားသူ ဖြစ်ပါတယ်။

ဘော့ရဲ့ မီတာ ၁၀၀ ပြိုင်ပွဲမှာတင်ထားတဲ့ အကောင်းဆုံးစံချိန်က ၉.၅၈ စက္ကန့်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဘာလင် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မီတာ ၂၀၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးစံချိန်ကတော့ ၁၉.၁၉ စက္ကန့်ဖြစ်ပါတယ်။ ဒီစံချိန်ကလည်း ဘာလင်ပြိုင်ပွဲမှာပဲ တင်ခဲ့တာ ဖြစ်ပါတယ်။ မီတာ ၄၀၀ စံချိန်ကိုတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ စံချိန်တင်ခဲ့တာဖြစ်ပြီး ပြေးခဲ့တဲ့ကြာချိန်ကတော့ ၃၆.၈၄ ဖြစ်ပါတယ်။ ဘော့ဟာ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း စံချိန်တွေတင်ထားသူ ဖြစ်ပါတယ်။

ဒီလိုထူးချွန်တာကြောင့်လည်း နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်အထိ စံချိန်တင်ရရှိထားသူ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကတော့ ဘော့အတွက် ကံဆိုးမှုတွေ ရောက်လာတဲ့နှစ်လို့ ပြောရမှာ ဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးအချိန်တွေ ကျော်လွန်သွားပြီဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၁၀၀ ပြိုင်ပွဲမှာ တတိယနေရာသာ ရရှိတော့သလို မီတာ ၄၀၀ ပြိုင်ပွဲမှာလည်း ပြေးနေရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ရှုံးနိမ့်ခဲ့ရပါတယ်။ သူ့ကို ၀ှီးချဲပေါ်ထိုင်ဖို့ ပြိုင်ပွဲတာဝန်ရှိသူတွေက တိုက်တွန်းခဲ့ကြပေမယ့် ငြင်းပယ်ခဲ့ပြီး ပန်းဝင်အောင် ကြိုးစားပြီး လမ်းလျှောက်ခဲ့ပါတယ်။

အလင်းလိုလျှင်မြန်လွန်းလို့ Lightning Bolt လို့ ခေါ်ကြတဲ့ အူစိန်ဘော့ဟာ ၂၀၁၇ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။   ဘော့ဟာ ပြေးခုန်ပစ်လောကရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးအပြေးသမားဖြစ်ပြီး သူ့ကို ပရိသတ်တွေက အမြဲအမှတ်ရနေကြတော့မှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly