မြန်မာ့သတင်းမီဒီလောက အပြောင်းအလဲ

မြန်မာ့သတင်းမီဒီလောက အပြောင်းအလဲ

၂၀၁၆ နဲ့ ၂၀၁၇ ယှဉ်မယ်ဆိုရင် မြန်မာ့သတင်းမီဒီယာလောကက ဘာတွေများပြောင်းလဲလာသလဲဆိုတာ ၀ါရင့် သတင်းစာဆရာလည်း ဖြစ်တဲ့၊ မြန်မာသတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးသီဟစောကို မေးမြန်းထားပါတယ်။

မေး ။     ။ ၂၀၁၆ နဲ့ ၂၀၁၇ ယှဉ်မယ်ဆိုရင် မြန်မာ့သတင်းမီဒီယာလောကက ဘာတွေများပြောင်းလဲလာသလဲ။ ဆုတ်ယုတ်လာသလား။ တိုးတက်လာသလားပေါ့။

ဖြေ ။      ။ ဘာတွေပြောင်းလဲလာတာရှိလည်းဆိုတော့ ပထမဦးဆုံး ဥပဒေပိုင်းတွေပြောကြတယ်။ ပြောရရင် မီဒီယာသမားတွေအတွက် အာဟာရဖြစ်တဲ့ ဥပဒေအများကြီးရှိတယ်။ အဟန့်အတား ဥပဒေတွေထဲမှာလည်း မဖျက်ရသေးတာအများကြီးပဲ။ အဲ့ကိစ္စတွေက ၂၀၁၇ ခုနှစ်ထဲမှာတော်တော်လေးဖြစ်ခဲ့တယ်။ ဥပမာဆိုရင် ၆၆ (ဃ) ပဲကြည့်တော့ ၆၆ (ဃ) ကို ၀ိုင်းပြောကြတယ်။ ဒါကြီးက မကောင်းဘူး။ ဒါကြီးကို ပြင်ပါ၊ ဖြုတ်ပါ၊ ဟိုလိုဖြစ်မယ် ဒီလိုဖြစ်မယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အာမခံပေးလို့ရတဲ့ ဥပဒေအဖြစ်ပြောင်းသွားတယ်။ ပြောင်းတော့ ပြောင်းတယ်။ အတိုင်းအဆ နဲ့ အကန့်နဲ့ ပြောင်းလဲတယ်။ အဲ့လိုပဲ တခြားဟာတွေလည်း ဥပမာဆို ၁၇/၁ ရှိတယ်။ မတရားအသင်းနဲ့ဆက်သွယ်တယ် ဆိုရင်အရေးယူလို့တယ်ဆိုပြီး အဲ့ဒီ့ ကိစ္စတွေဖြစ်ခဲ့တယ်။ တအာဝ်း/ ပလောင်သွားတဲ ့အဖွဲ့တွေအဖမ်းခံရတယ်။ ဒီဘက် ပရင့်မီဒီယာလောကမှာလည်း ကိုကျော်မင်းဆွေ ( The Voice) တို့ ရင်လည်း PC ( သတင်းမီဒီယာကောင်စီ) က သူလည်း PC အကြောင်းကိုကောင်းကောင်းနားလည်တယ်။ ကျင့်ဝတ်တွေလည်း ကောင်းကောင်းနားလည်တယ်။ သူ့ရဲ့ဂျာနယ်မှာ သရော်စာတစ်ပုဒ်ပါတယ်။ သူရေးတာမဟုတ်ဘူး။ ဒါပေမယ့် ရေးတာကို သဘောတူထည့်တယ်။ ထည့်ပြီးတော့ Online မှာပါတဲ့အခါကြတော့ သူ့ကိုဖမ်းမယ်။ မဖမ်းစေချင်ရင် တောင်းပန်ပေါ့။ သူက မတောင်းပန်ဘူး။ ကျွန်တော့်ကိုယ်ကျင့်တရားနဲ့ ကျွန်တော် ယုံကြည်ချက်အရ တောင်းပန်စရာမလိုတဲ့အတွက် မတောင်းပန်ဘူး။ အထဲရောက်သွားပြန်တယ်။ အဲ့တာမျိုးတွေဖြစ်နေတယ်။ ဖြစ်တဲ့အခါကျတော့ ငါတို့ သတင်းမီဒီယာ ကောင်စီကရော ဘာလုပ်နေလဲပေါ့။ အဲ့ဒီ့အချိန်မှာ အမှန်တိုင်းပြောရင် သတင်းမီဒီယာကောင်စီကလည်း အကန့်အသတ်နဲ့ရှိတယ်။ ဘယ်လိုအကန့် အသတ်လည်းဆိုတော့ အမှုတစ်ခုဟာ တရားရုံးရောက်သွားပြီ၊ တရားစွဲလိုက်ပြီ။ ထောင်ချလိုက်ပြီ ဆိုလို့ရှိရင် သတင်းမီဒီယာကောင်စီက ပါခွင့်မရှိတော့ဘူး။ စွက်ဖက်ခွင့်မရှိတော့ဘူး။ ဒါတရားဥပဒေအရ သွားမှာ။ ကိုကျော်မင်းဆွေအမှုဆိုရင် အဲ့ဒီလို ချက်ချင်း လုပ်လိုက်တယ်။ ငါတို့ ၀င်လို့မရတော့ဘူး။ အဲ့လိုပဲ တအောဝ်း/ ပလောင်ကိစ္စမှာ ဧရာဝတီရဲ့သတင်းထောက်တွေကိုလည်း ဖမ်းဆွဲတဲ့အခါမှာလည်း ဒိုင်းဆိုပြီးတော့ အသွားတုန်းက လွှတ်ပေးလိုက်တယ်။ အပြန်လည်းကျရော ဆွဲစိလိုက်ရော။ ပြီးတော့ ဖမ်းလိုက်တယ်။ အဲဒါဆိုရင်တော့ သတင်းမီဒီယာကောင်စီ နဲ့မဆိုင်တော့ဘူးဆိုပြီး ထိုင်လို့လည်းမရဘူး။ ကိုယ်တို့လည်း သတင်းသမားတွေပဲ။ ဒါကြီးကတော့ အဓိပ္ပာယ်မရှိဘူးသတင်းယူဖို့သွားတာ။ သူတို့ ဂျာနယ်မှာ သတင်းစာမှာ သရော်စာ၊ ဆောင်းပါးဆိုတာ ကိုယ်တို့လည်း သရော်စာရေးဖူးတယ်။ ပေါင်းစုံရေးတယ်။ သရော်စာဆိုတာ အတွေးအမြင်ပဲ။ ဘယ်သူ့ကို တည့်တည့်ကြီးစော်ကားတာ၊ မစော်ကားတာ တည့်တည့်ကြီးသွားပြောလို့မရဘူး။ အဲ့လိုအငြင်းပွားတာတွေအများကြီးရှိတာပေါ့။ ကြည့်တဲ့အခါကတော့ နောက်ဆုံးကျတော့လည်း သူတို့ကို ဆော်ပြီလို့ပဲသတ်မှတ်လိုက်တယ်။ ဘာလို့လည်းဆိုတော့ သတင်းမီဒီယာကောင်စီ အနေနဲ့ အဲ့အချိန်မှာ တိုင်းရင်းသားမီဒီယာအသီးသီးကလည်း ငါတို့ စာထုတ်မယ် ။ တိုင်းရင်းသားမီဒီယာတွေနဲ့ စာထုတ်လိုက်ရော။ ရန်ကုန်မှာက တချို့ကလည်း အဲ့ကိစ္စကိုစာထုတ်မယ်။ တချို့ကလည်း ကိုကျော်မင်းဆွေကိစ္စကို စာထုတ်မယ်။ ဒါကို မကျေနပ်ဘူး အဲ့လိုမျိုးပုံစံနဲ့ ကာကွယ်ရေးဦးစီးချုပ် ဒီကိစ္စနှင့်ပက်သက်လို့ ကျွန်တော်တို့က ဒီလူတွေကိုယုံကြည်ပါတယ်။ အပြစ်မရှိလို့မေတ္တာရပ်ခံပါတယ်။ ဒီလောက်ပဲ။ မတ်ဆေ့ချ်က သူဆီရောက်သွားပြီ။ ဒါကို ချက်ချင်းပို့ရတယ်။ ချက်ချင်းတော့ ဘာမှ ဖြစ်မလာဘူး ဖြစ်မလာပေမယ့် သိပ်မကြာခင်ကာလမှာ တစ်လခွဲ၊ နှစ်လလောက်အတွင်းမှာ တအာဝ်း/ ပလောင်ကိစ္စလူတွေကိုလည်း လွှတ်ပေးလိုက်တယ်။ ကျော်မင်းဆွေတို့ကိုလည်း လွှတ်လိုက်တယ်။ အဲ့ဒါလေးတွေဖြစ်လာတယ်။ သတင်းမီဒီယာကောင်စီကလည်း လုပ်လို့ရသလောက်တော့ လုပ်တာပဲ။ ဒါပေမယ့် နောက်တစ်ခုက ဘာဖြစ်သလဲဆိုရင်။ သတင်းမီဒီယာကောင်စီမှာ သတင်းမီဒီယာ ဥပဒေရှိတယ်။ သတင်းမီဒီယာ ဥပဒေက အစတည်းက အချိုးမပြေဘူး။ အစတည်းက အပေါက်တွေရှိတယ်။ ဥပမာ စာနယ်ဇင်းလို့ခေါ်တယ် တစ်ခါတစ်လေကျ သတင်းမီဒီယာသမားလို့ခေါ်တယ်။ ဘယ်သူ့ဟာကို ဘယ်လိုခေါ်တာလဲ။ ဘာအဓိပ္ပာယ်လဲ။ ပြီးတော့ တချို့က ဒီကိစ္စမှာဆောင်ရွက်လို့ရတယ်ပြောတယ်။ ဒီကိစ္စကိုဆောင်ရွက်လို့မရဘူးလို့ပြောတယ်။ ဥပမာအားဖြင့် အငြင်းပွားနေကြတာ သတင်းရယူခွင့်ပေါ့။ သတင်းက Accept to information အဲဒါကို အများစုက ရောနှောပြီး ပြောနေကြတယ်။ သေသေချာချာခွဲပြီးသိစေချင်တယ်။ မင်းကသတင်းသမား၊ ကိုယ်က သတင်းထောက်ဆိုပါစို့။ မင်းက မင်းသိချင်တဲ့ တချို့နဲ့ပက်သက်ပြီး သိခွင့်ရှိတယ်။ ရိုးရိုးလေးပဲ မင်းကအိန္ဒိယမှာရှိတဲ့ အမျိုးဆီကိုသွားလည်လို့ ပတ်စပို့စ်လျောက်တယ်။ ပတ်စပို့စ်လျောက်တဲ့ သတင်းအချက်အလက်သိခွင့်ရှိတာပေါ့။ ပတ်စပို့စ်က ဘယ်နေရာမှာ ထုတ်လို့ရသလဲ။ အဲ့တာ သာမန်ပြည်သူတစ်ယောက်က သိခွင့်ရှိတဲ့ မေးလို့ရတဲ့မေးခွန်း အစိုးရကလည်းဖြေရမှာလေ။ အဲ့လိုမျိုးသိခွင့်ရှိတာနဲ့ အဲ့ဒါမျိုးဖြေတာကို RTI Law လို့ခေါ်တယ်။ သတင်းအချက်အလက်သိရှိပိုင်ခွင့်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ကိုသွားပြီးတော့ မေးလို့မရဘူး။ သတင်းသမားမှ မေးလို့ရမယ်။ သတင်းသမားတောင်မှပဲ သူမေးပါလို့ မေးခွင့်ပြုတဲ့ သူမှမေးလို့ရတာ။ဆိုတော့ အဲ့နှစ်ခုက အကွာကြီးလေ။ ဆိုတော့  RTI Law နဲ့ Accept to information က အတော်ကွာတယ်။ RTI Law က သာမန်ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် ငါးစိမ်းသည်သိချင်တဲ့ သိပိုင်ခွင့်ရှိမယ်၊ ဆိုက်ကားဆရာ သိချင်တဲ့ အချက်ရှိချင်ရှိမယ်။ ဆိုတော့ သတင်းသမားကဘာကွာလည်းဆိုရင် သူလည်း လူပဲလေ။ သူလည်း လက်နှစ်ဖက် နှစ်ခေါင်းနဲ့။ သတင်းသမားမှာ ကျင့် ၀တ်ရှိတယ်။ ကိုယ်တွေစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ လုပ်ရမယ့် အလုပ်ရှိတယ်။ မလုပ်ရမယ့် အလုပ်ရှိတယ်။ မေးရတဲ့မေးခွန်းရှိမယ် မမေးရမယ့် မေးခွန်းရှိမယ်။ ရှောင်ရှားရမယ့် အချက်တွေရှိမယ် လိုက်နာရမယ့် အချက်တွေရှိမယ်။ အဲ့ဒီ့ ကျင့်ဝတ်နဲ့ညီအောင်နေမှ သတင်းထောက်လို့ခေါ်တယ်။ နောက်တစ်ခုက သတင်းသမားက ကိုယ့် ရဲ့သတင်းကို တာဝန်ယူရတယ်။ တာဝန်ခံရတယ်။ ဒီသတင်းက ကျုပ်ရေးတာ။ ဒီသတင်းကို ရိုက်တဲ့ ဓာတ်ပုံ ဆရာက ဒီမှာ။ အဲ့တာမျိုးတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိပြီးတော့ ကျင့်ဝတ်ကို လိုက်နာမှ သတင်းသမား။ သတင်းသမားတွေမှာ ရှိတဲ့မေးခွင့်၊ သိရှိပိုင်ခွင့်က အခုနက RTI နဲ့မတူဘူး။ သတင်းသမားသိပိုင်ခွင့်က ဥပမာ ထိုင်းဘုရင်က သေတယ်။ မြန်မာနိုင်ငံကနေပြီး အဲ့ဒီ့ အသုဘကိုဘယ်သူသွားမှာလဲ နိုင်ငံခြားရေးဝန်ကြီးလား။ ဒါအရေးကြီးတဲ့ကိစ္စပဲလေ။ နေဦးစဉ်းစားဦးမယ် တစ်လလောက်ကြာဦးမယ် လုပ်လို့မရဘူး။ ၂၄ နာရီအတွင်းဖြေပါလို့ သတင်းမီဒီယာ ဥပဒေမှာရေးထားတယ်။ မဖြေဘူး။ အဲ့တော့ ဥပဒေက ဥပဒေနဲ့ တူပါဦးမလား။ သတင်းမီဒီယာဥပဒေမှာ သတင်းကို မဖြေနဲ့လို့ ပြောမထားဘူး။သတင်းကို မေးရင်ဖြေရမယ်။ တစ်ခုပဲရှိတယ်။ အထောက်အထားနဲ့မေးရတယ်။ အထောက်အထား စာရွက်စာတန်းတွေတောင်းရင်တော့ ရရက်ကြာမယ် ၁၅ ရက်ကြာမယ် မင်းပေးရမယ်။ အဲ့ဒီ့ဟာမှာ ဘာကွာနေလဲဆိုတော့ ၂၄ နာရီအတွင်းဖြေရမယ်လို့ပြောထားတယ်။ မဖြေဘူးကွာ မဖြေရင် ဌာနဆိုင်ရာ သူ့အပေါ်က အရာအရှိသွားပြော။ အဲ့ဒီ့အပိုင်းမှာ ဥပဒေကို ကြပ်မှတ်ဖို့ အရေးယူဖို့လိုတယ်။ အဲ့တာမျိုးပြင်ဆင်ချက်တွေ တစ်ပြည်လုံးကို လှည့်ပြီးတောင်းတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံး။ တစ်ခုတော့ရှိတယ် တိုင်းနဲ့ပြည်နယ်အားလုံးတော့မပါဘူး။ မန္တလေးမှာ ရန်ကုန်မှာ မော်လမြိုင် အဲ့လို။ သွားပြီးတော့ ပြင်ဆင်ဖို့အချက်တွေ၊ ပြင်ဆင်တာက အများကြီးပေါ့။ ကောင်စီကြီးဖျက်လိုက်ပါလားတို့  အချက်တွေစုံချင်သလောက်စုံပါလေ့စေ။ အဲ့ထဲက ယုတ္တိရှိ အဖြစ်နိုင်ဆုံးအချက်တွေကို စုပြီးတော့ ငါတို့ပြန်ကြားရေးကို တင်ရမယ်။ ပြန်ကြားရေးက ၂၀၁၇ မှာထူးခြားမှုက အဲဒါဖြစ်လိမ့်မယ်။ အဲဒါကို သူ့လက်ထဲကို ရောက်မယ် သူတို့ကဘာလုပ်မလဲ။ လွှတ်တော်ကိုတင်မလား။ ထပ်ပြောင်းမလား ထပ်ပြင်မလားမသိဘူး။ သတင်းမီဒီယာကောင်စီဘက်ကတော့ အဲ့ဒီ့အလုပ်ကိုပြီးအောင်လုပ်တယ်။ အဲ့လိုပဲ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် နယ်မှာရှိတဲ့ သတင်းသမားတွေက အခက်ခဲတွေရှိတယ်။ ဥပမာ ရှမ်းမှာရှိတယ်။ မုံရွာမှာရှိတယ့် သတင်းသမားတစ်ယောက်က ၀နကြီးချုပ်နဲ့တွေ့ဖို့လွယ်ချင်မှ လွယ်မယ်။ ရန်ကုန်မှာရှိတဲ့သတင်းသမားသည်  ၀န်ကြီးချုပ်ကိုတွေ့ဖို့ လွယ်ရင်လည်း လွယ်မယ်။ ခက်ချင်လည်းခက်မယ်။ အဲ့တော့ ဟိုမှာရှိနေတဲ့ မဏ္ဍိုင် ၃ ရပ် အစိုးရ၊ နောက် ဥပဒေပြုအဖွဲ့ လွွှှတ်တော်၊ တရားရေးအဖွဲ့ နောက်တစ်ခုက စတုတ္ထမဏ္ဍိုင် အဲ့ဒီ့ မဏ္ဍိုင် ၄ ခုကတွေ့ဖို့လိုတယ်။ တွေ့ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမှ သြော် ဒီအစိုးရက ဒါမျိုးတွေမေးလို့မရပါလား။ ဒါမေးချင်ရင် ဒီလူ့ကိုမေးရတယ်။ အဲ့လိုပဲ လွှတ်တော်မှာ ဒီမေးခွန်းမေးလို့ရတယ်။ ဒီလူတော့ မေးပိုင်ခွင့်မရှိဘူး။ အဲ့လို အပြန်အလှန်နားလည်မှုရှိပြီးတော့ သတင်းသမားတွေနဲ့ အာဏာပိုင်တွေနဲ့။ ဆရာကြီးတစ်ယောက်ပြောဖူးတယ်။ ငါတို့က စတ္ထတမဏ္ဍိုင်မဟုတ်တော့ဘူး စတ္ထုတမလမတိုင်တဲ့။ ငါတို့က ဒုက္ခမဏ္ဍိုင်ဖြစ်နေပြီတဲ့။ ငါတို့ မဏ္ဍိုင်ကို သိပ်မလေးစားကြဘူး။ ဒါပေမယ့် မလေးစားတာ၊ လေးစားတာ သူ့အလုပ်။လေးစားအောင်လုပ်ရမှာက ငါတို့အလုပ်။ သတင်းသမားတွေအလုပ်။ ကိုယ့်မှာရှိတဲ့ သတင်းမဏ္ဍိုင် စတုတ္ထမဏ္ဍိုင်ကြီးက ခိုင်ခံဖို့လိုတယ်။ ခိုင်ခံအောင်ကြိုးစားရမယ်။ အဲ့ဒီဟာအတွက်ကို ၆ နေရာသွားပြီးပြီ။ နေပြည်တော်လည်းသွားပြီးပြီ။ မန္တလေးလည်းသွားပြီးပြီ။ ပဲခူးလည်းသွားပြီးပြီ။ ပုသိမ်လည်းသွားပြီးပြီ စသည်ဖြင့်ပေါ့။ ဆက်လည်း သွားဦးမှာ။ အဲ့ဒီမှာ ဘာတွေ့လည်းဆိုတော့ သတင်းလိုက်တဲ့နေရာမှာ အခက်ခဲတွေရှိနေတယ်လို့ ကြားနေရတယ်။ အခက်ခဲရှိတော့ ခင်ဗျားတို့က ဖြေပါလားသွားပြောလို့မရဘူး။ မဖြေဖြေအောင် သတင်းထောက်တွေ လုပ်ရမှာ။ ၀န်ကြီးချုပ်ကို ငါတိုအတင်းခေါ်တယ်။ မန်းဂျော်နီ ခဏလာပါ။ ပုသိမ်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ သတင်းသမားတွေ တွေ့ရမယ်။ တွေ့ပြီးတော့ အပြန်အလှန်စကားပြောကြမယ်။ အဲ့တာမျိုးတွေလုပ်ခြင်းအားဖြင့်တော့ သတင်းရယူခွင့်က ခက်တယ်။ သတင်းက အရင်ကနေစာရင် ပိုခက်လာတယ်။ အရင်လူတွေက ပြောချင်တဲ့ဟာကို ပြောကိုပြောတယ်။ မပြောချင်တဲ့ဟာဆို သိကိုမသိရဘူး။ အခုက ပြောသင့်တာလည်း မပြောဘူး။ မပြောသင့်တာလည်းမပြောဘူး။ အဲတော့ ပြောသင့်တဲ့ ဟာတွေပြောလာအောင်လို့ သူတို့ကိုဖျောင်းဖျရတာပေါ့နော်။ အဲဒါမျိုးဖြစ်လာအောင်ကြိုးစားတယ်။ အဲ့ဒီ့ ၂၀၁၇ ထဲမှာ အဲ့လိုမျိုး သတင်းရယူခွင့်နဲ့ပတ်သက်လို့၊  သတင်းဥပဒေနဲ့ပတ်သက်လို့ အဲ့လိုမျိုး ကြိုးစားမှုတွေ လုပ်ပိုင်ခွင့်တွေ ရှိလာတယ်။

မေး ။     ။၂၀၁၇အတွင်းက ဖြစ်ပျက်သွားတဲ့ သတင်းမီဒီယာလောကကဖြစ်စဉ်တွေအပေါ် သုံးသပ်ပေးပါဦး။

ဖြေ ။      ။ အရေးအကြီးဆုံးပြောစရာရှိတယ်၊ ငါတို့ဆိုရင် သတင်းသမားအနေနဲ့ဖြတ်သန်းလာတာ ကြာပြီ၊ နဝတခေတ်တွေရော၊ ဘာခေတ်တွေရော ဖြတ်သန်းခဲ့ရတာ အများကြီးပဲ၊ သတင်းကိုလွတ်လပ်ခွင့်ပေးတယ်ဆိုတာ လေးငါးနှစ်ပဲရှိသေးတယ်၊ ဘာမှ မရှိသေးဘူး၊ သူများနိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်တွေ နှစ်ပေါင်းများစွာရှိနေပြီ၊ ငါတို့ကတော့သိပါတယ်၊ အချိန်ဒီလောက်နဲ့ သတင်းလွတ်လပ်ခွင့် ဒီလောက်မရသေးဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် အစကတည်းကပြောတယ်၊ တို့နိုင်ငံမှာ အားကောင်း မောင်းသန်၊ အမှီအခိုကင်းပြီး လွတ်လပ်တဲ့မီဒီယာရှိဖို့လိုတယ်၊ အဲဒီလိုပြောတဲ့အခါကျတော့ သတင်းသမားတွေ ကြီးကျယ်နေတာ၊ ပြောလိုက်ရင် အကြီးကြီးပဲ၊ ပုဂ္ဂလိကမီဒီယာမို့ ပြောနေတာ၊ ငါတို့အစိုးရက အကြီးကြီးပဲ၊ အစိုးရမှာ အသံလွှင့်ရုံ ရှိတယ်၊ သတင်းစာတွေ ရှိတယ် ပြောနေတာပဲ၊ ငါတို့က ထပ်ပြောတယ်၊ ခင်ဗျားတို့မှာ အသံလွှင့်ရုံရှိတယ်၊ သတင်းစာတွေရှိတယ်၊ အဲဒါ က နိုင်ငံတကာက ဘာမှအထင်မကြီးဘူး၊ နိုင်ငံတကာက အဲဒါ ၀ါဒဖြန့်တဲ့ပစ္စည်းတွေလို့ပြောလိမ့်မယ်၊ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလိုပြောလိမ့်မယ်၊ အဲဒါ ဘယ်နိုင်ငံမဆို ပြောမှာပဲ၊ အစိုးရသတင်းစာဆိုတာ ဒီလိုပဲ၊ အစိုးရပြောချင်တာ ပြောလိမ့်မယ်၊ မပြောချင်တာ ဖုံးထားလိမ့်မယ်၊ အဲဒီလိုပဲ သတ်မှတ်လိမ့်မယ်၊ အဲဒီလိုပဲ ပုဂ္ဂလိက အသံလွှင့်လုပ်ငန်း၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို စသဖြင့် အဲဒါတွေကပြောလို့ရှိရင် ပုဂ္ဂလိကက အဲဒီလိုပြောတာပါဆိုတာမျိုးလက်ခံလိမ့်မယ်၊ ကမ္ဘာက လက်ခံလိမ့်မယ်၊

မေး ။     ။ NLD အစိုးရအနေနဲ့ မီဒီယာအပေါ်မှာရော ကိုင်တွယ်ဆောင်ရွက်တဲ့သဘောထားကရော ၂၀၁၇ မှာ ၂၀၁၆ နဲ့ကွာခြားချက်ဘယ်လိုရှိတယ်လို့မြင်လဲ။

ဖြေ။       ။ သူတို့လည်း ကြိုးတော့ကြိုးစားတာပေါ့နော်၊ သူတို့လည်း မီဒီယာကိုအားပေးဖို့ ကြိုးစားတာပဲ၊ဥပမာ ရခိုင်ဆိုပါစို့၊ အဲဒီမှာလည်း မီဒီယာအဖွဲ့တွေ ဖိတ်ခေါ်တယ်၊ အစိုးရက ဖိတ်ခေါ်နေတာပဲကွာ ဆိုတော့၊ ဒါပေမယ့် ကိုယ့်ဖာသာ ဘက်စ်ကားစီးပြီး သွားသွား၊ လေယာဉ်စီးပြီးသွားသွား၊ ဘယ်လိုသွားသွား၊ တစ်ကယ့် မြေပြင်အမှန်ကသတင်းတွေ လွတ်လွတ်လပ်လပ်ယူချင်တာ၊ အဲဒါမျိုးတွေ ခွင့်မပြုခဲ့ဘူး၊ အဲဒါတွေက အားနည်းချက်တွေပဲ။

မေး ။     ။ ၁၇(၁)နဲ့ဖမ်းခံရတဲ့ကိစ္စတွေ အခုနေပြည်တော်ကဖြစ်နေတဲ့ ဒရုန်းကိစ္စတွေအပေါ်မှာရော ဘယ်လိုမြင်လဲ၊

ဖြေ ။      ။ အမှန်ကတော့ တစ်ကယ်တမ်းပြောရရင် အစိုးရပဲ၊ အစိုးရက အစိုးရလို့ပဲစဉ်းစားပေမယ့်၊ မင်းတို့ငါတို့လည်းအစိုးရဖြစ်ရင် အစိုးရ အလုပ် လုပ်ရမှာပဲ၊ တို့ကတော့ အစိုးရမဖြစ်ချင်ဘူး၊ ၀န်ကြီးလည်းမလုပ်ချင်ဘူး၊ ကိုယ့်မီဒီယာအလုပ်ပဲ လုပ်ချင်တယ်၊ ခုနက ပြောတဲ့နေပြည်တော်ကဖြစ်နေတဲ့ဒရုန်းကိစ္စက တစ်ကယ်ဆိုရင် အဖွဲ့အစည်းကလာမယ်၊ ငါတို့ဆီလာမယ်ဆိုရင် အဲဒီကိစ္စက ပျက်တယ်၊ သူတို့က မလာဘဲနဲ့  ဒုန်း ဆို ခုန်ပြီးသွားတယ်၊ သတင်းသမားက ဥပဒေတွေဘာတွေ၊ အခြေအနေတွေ နားလည် ဖို့တော့လိုတယ်၊ နိုင်ငံခြားမှာတော့ ရချင်ရမယ်၊ ဒီမှာတော့ ရချင်မှရမယ်၊ ဒီမှာတော့ ရွှေတိဂုံဘုရားသွားရိုက်၊ အဲဒီလိုမျိုး ရိုက် ခွင့်ပြုတာ မပြုတာရှိမှာပေါ့၊  လွှတ်တော်လိုဟာမျိုးကိုသွားတယ်၊ အဲဒီအချိန်ကလည်း ဖြိုးကိုကိုတင့်ဆန်းလိုလို အမှုတွေ ဖြစ်နေတာ မကြာသေးဘူး၊ အဲဒီလိုအချိန်မျိုးမှာ အဲဒီလိုဖြစ်မယ်ဆိုတာ သူ မလေ့လာမိဘူး၊ သွားဖြစ်အောင်သွားတယ်၊ ခံဖြစ်အောင် ခံရတယ်၊ အဲ့ဒီလိုဆိုတော့ မတတ်နိုင်ဘူး၊ဆိုတော့ အစိုးရကလည်း လုပ်စရာရှိတာ လုပ်လိမ့်မယ်၊ အရေးယူမယ်၊ ဖမ်းမယ်၊ ဆီးမယ်၊ ငါတို့သတင်းသမားတွေက ကိုယ့်ရဲ့လုံခြုံရေးကို ကိုယ့်ဖာသာ ဂရုစိုက်ရမှာပဲ၊ ငါ ဒါလုပ်သင့်သလား၊ မလုပ်သင့်သလား၊ ဘယ်ဥပဒေက ငြိနိုင်သလဲ ၊ အဲဒါတော့ ကိ်ုယ့်ဖာသာစဉ်းစားပေါ့။

 

မေး။      ။  ဆရာအတွင်းရေးမှူးတာဝန်ယူထားတဲ့ သတင်းမီဒီယာကောင်စီအနေနဲ့ရော ဒီနှစ်ထဲမှာဘာတွေများ ထူးထူးခြားခြားလုပ်နိုင်ခဲ့တာရှိလဲ။

ဖြေ ။      ။ အများကြီးပေါ့၊ အဓိကကတော့ မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲတွေ၊ တစ်ခြား ဆုပေးတာတွေ ရှိတယ်၊ စတုတ္ထမဏ္ဍိုင်ဆုဆိုတာတွေ စချီးမြှင့်ပေးတာတွေရှိတယ်၊ ကျန်တာတွေက သတင်းမီဒီယာစာတမ်းဖတ်ပွဲတွေ လုပ်တာရှိတယ်၊ သတင်းမီဒီယာ အရင်က အခြေအနေဘယ်လို၊ လက်ရှိကဘယ်လိုဆိုတာတွေ ဆွေးနွေးတာရှိတယ်။

 

မေး ။     ။ ဒီ၂၀၁၇ ခုနှစ်ထဲမှာမှုခင်းသတင်းထောက်တွေ ငွေတောင်းတယ်ဆိုတဲ့ကိစ္စတွေလည်း ကြားခဲ့ရတယ်။ ဆရာတို့ကောင်စီအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။      ။ အဲဒါက တော်တော်လေးကို အငြင်းပွားဖွယ်ရာတွေဖြစ်မယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကောင်စီမှာပါတဲ့ပုဂ္ဂိုလ် ၂ ယောက်၊ တစ်ယောက်က ဆရာကြီးဖိုးသောကြာ၊ အိပ်ရာထဲမှာ လဲနေပြီ၊ ဥက္ကဋ္ဌတော့ ဥက္ကဋ္ဌပဲ၊ အိပ်ရာထဲ လဲနေပြီ၊ ရှေ့နှစ်ထဲ ၂၀၁၈ ရွေး ကောက်ပွဲပြန်လုပ်ရင် သူဖာသာ နားသွားလိမ့်မယ်၊ အဲဒီလိုပဲ ဦးဟန်ညွန့်၊ သူကလည်း လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး ကော်မရှင်မှာ ပါသွားပြီ၊ သူတို့က အဲဒီမှုခင်းသတင်းထောက်အသင်းတွေမှာ ပါသေးတယ်၊ ငါတို့ကတော့ အစကတည်းက တားတယ်၊ အဲဒါ ထောင်ချောက်တွေ၊ အသုံးချမယ့်ကောင်တွေ၊ ဆရာတို့နာမည်တွေ အသုံးချပြီး မဟုတ်တာလုပ်မယ့်ကောင်တွေ၊ ဟာ မဟုတ်ပါဘူး ပြောတယ်၊ တဖြည်းဖြည်းနဲ့ သတင်းတွေကပေါ်လာတယ်၊ အဲဒါတော့ တစ်ကယ်တမ်းပြောရရင် ကောင်စီအနေဆိုတာ ရှိသမျှ မီဒီယာ အဖွဲ့အစည်းအားလုံးရဲ့အချုပ်လို့ ထင်ကြတာ၊ အဲဒါ မဟုတ်ဘူး၊ ကောင်စီကဖွဲ့ထားတာ ဥပဒေအရဖွဲ့တဲ့ အဖွဲ့၊ တစ်ခြား MJN တို့၊ MJI တို့ အများကြီးရှိတယ်၊ အဲဒီအဖွဲ့အစည်းတွေကသာလျှင် ခုနက ကိစ္စမျိုးတွေ ဆောင်ရွက်ရမှာ၊ ဥပမာဆို ပါစို့၊ သတင်းသမားကာကွယ်ရေးဆိုတာမျိုး၊ ကောင်စီက အကူအညီပေးလိမ့်မယ်၊ သူက ကာကွယ်လို့မရဘူး၊ ဒီအဖွဲ့အစည်းတွေ က ကာကွယ်လိမ့်မယ်၊ လိုအပ်တဲ့အကူအညီတွေ ကောင်စီက ပေးလိမ့်မယ်၊ ကောင်စီအနေနဲ့က အဲဒီလို ကာကွယ်တဲ့ကော်မတီ ဖွဲ့လို့တော့မရဘူး၊ အဲဒီလိုရှိတယ်

မေး ။     ။ အခုအစိုးရလက်ထက် ၂၀၁၇ခုနှစ်အတွင်း သတင်းလောကရဲ့အခြေအနေကိုချုပ်ပြီးပြောရရင် ဘယ်လို ပြောချင်လဲ။

ဖြေ။       ။ သတင်းသမားတွေရဲ့လွတ်လပ်မှုအခြေအနေက တိုးတက်လာတယ်လို့ပြောလို့တော့မရဘူး၊ တစ်ခုတော့ ရှိတယ်၊ သတင်းမီဒီယာ လောကမှာ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးနှစ်လို့တော့ ပြောလို့ရတယ်၊ အတက်အကျတွေ အများကြီးရှိတယ်၊ တစ်ကမ္ဘာလုံး နဲ့ဆိုင်တဲ့ သတင်းတွေရှိတယ်၊ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်လို့တော့ ပြောရမယ်။

 

Mizzima Weekly