တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် သမ္မတ ၀င်ပြိုင်မည့် ပူတင်အား အတိုက်အခံများ ဝေဖန်

တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် သမ္မတ ၀င်ပြိုင်မည့် ပူတင်အား အတိုက်အခံများ ဝေဖန်

မော်စကို၊ ဒီဇင်ဘာ ၁၅ ။           ။ ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် မဲပေးသူများနှင့် တွေ့ဆုံခြင်းမရှိ မဲဆွယ်တရားများ ဟောပြောခြင်း မရှိတော့ဘဲ သမ္မတဝင်ပြိုင်မည့် ပူတင်အား အတိုက်အခံများက ဝေဖန်ကြသည်။

လက်ရှိ သမ္မတ ပူတင်က အတိုက်အခံတို့၏ ယှဉ်ပြိုင်စွမ်းကို သံသယရှိကာ နိုင်ငံရေးပါတီအများစု၏ ထောက်ခံမှု ရထားခြင်း၊ ကြိုတင်မဲစစ်တမ်းတွင် ရလဒ် ကောင်းနေခြင်းတို့အားဖြင့် လွတ်လပ်သော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားျသည်။

ထို့အတွက်ကြောင့် ရွေးကောက်ပွဲ မဲမပေးခင် မဲဆွယ်ပွဲများတွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံမှု ရှိတော့မည် မဟုတ်ကြောင််း အတိုက်အခံပါတီတစ်ရပ်၏ ခေါင်းဆောင်ဖြစ်သူ Navalny က ပူတင်အား ဝေဖန်သည်။

အတိုက်အခံ အမျိုးသမီး သမ္မတ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Ksenia ကလည်း မဲဆွယ်စကားစစ်ထိုးပွဲများတွင် မပါ၀င်တော့မည့် ပူတင်၏ ဆုံးဖြတ်ချက်သည် စိတ်မကောင်းစရာပဲ ဖြစ်ကြောင်း ပြောသည်။

၂၀၁၈ မတ်လတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ပါ၀င်အရွေးခံပြီး ရေရှည်လက်တွဲခဲ့သည့် ရုရှ၏ အဓိကပါတီကြီးဖြစ်သော United Russia မှနေ၍ ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း သမ္မတ  ပူတင်က ပြောထားသည်။

ဒူးမားလွှတ်တော်တွင် အမတ်နေရာ သုံးပုံတစ်ပုံ ရထားသည့် United Russia ပါတီကြီးအနေဖြင့် ပါတီဝင်အများစုသည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags