တက်ဒ်ဒုံးခွင်းဒုံး ဖြန့်ကြက်မှုကြောင့် တင်းမာခဲ့သည့် ဆက်ဆံရေးကို တောင်ကိုရီးယားနှင့် တရုတ် ပြန်လည်ကုစား

တက်ဒ်ဒုံးခွင်းဒုံး ဖြန့်ကြက်မှုကြောင့် တင်းမာခဲ့သည့် ဆက်ဆံရေးကို တောင်ကိုရီးယားနှင့် တရုတ် ပြန်လည်ကုစား

 

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ။                      ။ တောင်ကိုရီးယားနှင့် တရုတ် သမ္မတနှစ်ဦး တွေ့ဆုံမှုအတွင်း သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု ပုံမှန်အခြေ ပြန်ထိန်းသိမ်းရေးကို အတည်ပြုနိုင်ပြီးနောက်တွင် နှစ်နိုင်ငံအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် အပြန်အလှန်ဆက်ဆံရေး ခေတ်သစ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်၏ တက််ဒ်ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်ခဲ့မှုကြောင့် တရုတ်က လုံခြံုရေးစိုးရိမ်စရာအဖြစ် သတ်မှတ်ရာ ပြီးခဲ့သည့်ကာလများအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး တန်းသွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ယုံကြည်မှု၊ ရင်းနှီးမှုကို အခြေတည်ပြီး နှစ်နိုင်ငံကြားက ဆက်ဆံရေးမှာ ခေတ်သစ်တစ်ရပ်ကို အုတ်မြစ်ချနိုင်ရေးကို ကျွန်တော် စိတ်ဆန္ဒရှိထားတယ်။”ဟု သမ္မတ ရှီီကျင့်ဖျင်နှင့် တွေ့ဆုံမှုအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ပေကျင်းရှိ မဟာခန်းမဆောင်တွင် တွေ့ဆုံမှု၌ နှစ်နိုင်ငံကြားက ဆက်ဆံရေးသည် တရုတ်နိုင်ငံအတွက် အရေးကြီးကြောင်း သမ္မတ ရှီကျင့်ဖျင်က အလေးထား ပြောဆိုသည်။

တောင်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက တက်ဒ်ဒုံးစနစ်အရေးကြောင့် ဆန့်ကျင်မှုပြသသည့်အနေဖြင့် တောင်ကိုရီးယား ကုမ္ပဏီများနှင့် ထုတ်ကုန်များကို သပိတ်မှောက်ထားခဲ့သည်။

အောက်တိုဘာ ၃၀ ရက်တွင် နှစ်ဖက်အစိုးရကြား ဆက်ဆံရေး ပုံမှန်ဖြစ်ထွန်းရန်နှင့် ရန်လိုမှုများ အဆုံးသတ်ရန် နောက်ဆုံးသဘောတူလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားဖက်က ထုတ်ပြန်လာခဲ့သည်။

သမ္မတ မွန်ဂျေအင်းအနေဖြင့် မေလအတွင်းက သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ယခုအကြိမ်သည် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags