မန်စီးတီးကစားသမားများနှင့် ပတ်သက်လို့ ပြောဆိုခဲ့တဲ့ စကားအတွက် မော်ရင်ဟို ဖြေရှင်းချက်ပေးရမည်

မန်စီးတီးကစားသမားများနှင့် ပတ်သက်လို့ ပြောဆိုခဲ့တဲ့ စကားအတွက် မော်ရင်ဟို ဖြေရှင်းချက်ပေးရမည်
(ဓာတ်ပုံ - အီးပီအေ)

မန်ယူနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားအတွက် ဖြေရှင်းချက်ပေးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟိုက မန်းစီးတီးကစားသမားများနဲ့ ပတ်သက်လို့ “သူတို့ဟာ လေနည်းနည်းတိုက်ရုံဖြင့် လဲကျတတ်ကြောင်း” ပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုအနေဖြင့် အက်ဖ်အေထံ ဒီဇင်ဘာလ ၁၈၊ တနင်္လာနေ့ နောက်ဆုံးထားပြီး ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက စီးတီးအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly