နှစ် ၂၀,၀၀၀က သမိုင်းမတင်မီခေတ် နေရာများကို ဗီယက်နမ် ရှာဖွေတွေ့ရှိ

နှစ် ၂၀,၀၀၀က သမိုင်းမတင်မီခေတ် နေရာများကို ဗီယက်နမ် ရှာဖွေတွေ့ရှိ

ဟနွိုင်း၊ သြဂုတ် ၂၀ ။          ။ လွန်ခဲ့သည့်နှစ် ၂၀,၀၀၀ခန့်က သမိုင်းမတင်မီခေတ်က တည်ရှိခဲ့သော လူများကျင်လည် ကျက်စားခဲ့ရာနေရာများကို ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတောင် ထူထပ်ရာလောက် ချိုင်ပြည်နယ် တွင်တွေ့ရှိခဲ့သည်ဟု ဟနွိုင်းရှိ ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးက သြဂုတ် ၂၀တွင်ပြောကြားခဲ့သည်။ ယင်းနေရာများမှာ မြို့တော် ဟနွိုင်း၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၅၀ခန့်အကွာတွင် ရှိသည်ဟု သိရသည်။

စတုရန်းမီတာ ၂၀,၀၀၀ကျယ်ပြန့်သော ယင်းဒေသများတွင် သမိုင်းမတင်ခေတ်အချို့က ကျောက်ဖြင့်ပြုလုပ်သော လူ့အသုံးအဆောင်ပစ္စည်းများကို တူးဖော်တွေ့ရှိခဲ့သည်ဟု ဗီယက်နမ်ရှေးဟောင်း သုတေသနဋ္ဌာနမှ ထရင်နန်ချန်၏ ပြောကြားချက်ကို ကိုကား၍ နိုင်ငံပိုင်သတင်းအေဂျင်စီ VNA ကဖော်ပြခဲ့သည်။

ရှေးအကျဆုံးအသုံးအဆောင်များမှာ မြစ်များ၊ ချောင်းများတွင် တွေ့ရသော ကျောက်စရစ်များဖြင့်ပြုလုပ်ထားသော ကိရိယာများဖြစ်ပြီး နှစ်ပေါင်း ၂၀,၀၀၀ခန့် သက်တမ်းရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ကျောက်ပုဆိန်များနှင့် လွန်ခဲ့သောနှစ်ပေါင်း ၈,၀၀၀ သို့မဟုတ် ၉,၀၀၀ခန့်က ကျောက်ခေတ်သစ်က အပြားဝိုင်းပုံစံကိရိယာများလည်း တွေ့ရသည်ဟု သိရသည်။ ထောင်စုနှစ် လေးနှစ်လောက်က တိုက်ချွတ်ထားသော ပုဆိန်များလည်း တွေ့ရှိခဲ့သည်ဟု VNA က အစီရင်ခံခဲ့သည်။ ရှာဖွေတူးဖော်မှုကို ဆက်လက်ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly