YBS ၀င်ငွေနှင့်ပတ်သက်ပြီး ထပ်မံစိစစ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တောင်းဆို

YBS ၀င်ငွေနှင့်ပတ်သက်ပြီး ထပ်မံစိစစ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ၁၄ရက် ။         ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရငွေ၌ YBS အတွက် ဖြည့်စွက်ရန်ပုံငွေ ထုတ်ပေးခဲ့သည့် ဘီလီယံ(၇၀)မှ ဝင်ငွေဖော်ပြထားခြင်း မတွေ့ရသဖြင့်   ပြန်လည်စီစစ်ပေးရန်လိုအပ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ မေးခွန်းများအေးမြန်းသည့့် အစီစဉ်အပြီး ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာအသုံးစရိတ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသည့် အစီစဉ်၌ ပြောခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဲဲရဲ့ ရငွေအပိုင်းမှာ ကျွန်တော်ကြည့်တဲ့အခါမှာတော့ YBSနဲ့ပတ်သက်လို့ YBSက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာဖြည့်စွတ်ရန်ပုံငွေမှာ ခွင့်ပြုခဲ့တာပါ။ ဘီလျံ(၇၀) ပါ။ဒီအတွက် ၂၀၁၈ ခြောက်လမှာ ဘယ်လိုဝင်ငွေရမှာလဲ ပါမလာဘူးခင်ဗျ"ဟု ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းအစိုးရ၏ ရငွေများဖြစ်သည့် သာမန်ရငွေ၊ ကြွေးမြှီရငွေ၊ ငွေလုံးငွေရင်းရငွေ၊ အခွန်ရငွေများထဲ၌လည်း ယခုအချိန်အထိ ဘီလျံ(၇၀)နှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရင်းနှီးမြုပ်နှံရန် ကျပ်ငွေဘီလျံ(၇၀)ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ဖြည့်စွက်ရန်ပုံငွေအဖြစ် တောင်းခံခဲ့သည်။

ထိုဘီလျံ(၇၀)နှင့်ပတ်သက်၍ မည်သို့အသုံးပြုမည်ကို ဆိတ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၂၀၁၇ ဧပြီလအတွင်း လွှတ်တော်တွင်မေးမြန်းခဲ့သည်။

သို့သော်လည်း ဘတ်စ်ကားအစီးရေ ၁၀၀၀ကို တရုတ်နိုင်ငံအစိုးရနှင့်ချိတ်ဆက်ကာ ဝယ်ယူရန် လက်မှတ်ရေးထိုးထားကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက် စုစုပေါင်းရငွေ ၂၁၂၂၄၂.၉၆၅ကျပ်သန်းဖြစ်ပြီး အခွန်ရငွေ ၁၆၅၉၆.၉၇၈ကျပ်သန်း၊ သာမန်ရငွေ ၁၃၀၃၀၃.၁၄၀ကျပ်သန်း၊ ငွေလုံးငွေရင်းရငွေ ၁၆၁၅၄.၇၅၈ကျပ်သန်း၊ ကြွေးမြှီရငွေ ၄၆၁၈၈.၀၈၉ကျပ်သန်း ရှိနေသည်။

ရငွေအများစုမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြေငှားခ၊ ဆိုင်ခန်းခ၊ အနှေးယာဉ်ယန္တရား၊ ကြေငြာဆိုင်းဘုတ်ငှားရမ်းခများမှ ရရှိနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags