လိင်တူဆက်ဆံခြင်းနှင့် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းအား တရားမဝင် သတ်မှတ်ရေးကို အင်ဒိုနီးရှား ခုံရုံးပယ်ချ

လိင်တူဆက်ဆံခြင်းနှင့် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းအား တရားမဝင် သတ်မှတ်ရေးကို အင်ဒိုနီးရှား ခုံရုံးပယ်ချ

ဂျကာတာ၊ ဒီဇင်ဘာ ၁၄ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် အသိမ်ငယ်ခံ လိင်တူ၊ လိင်ကွဲ၊ ဒွိလိင်ချစ်သူများ LGBT တို့အတွက် အောင်ပွဲတစ်ရပ်အဖြစ် နိုင်ငံအတွင်း လိင်တူဆက်ဆံခြင်းနှင့် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းများကို တရားမဝင်အဖြစ် သတ်မှတ်ရေး တောင်းဆိုသူများကို ဆန့်ကျင်ကာ အထူးခုံရုံးက ဒီဇင်ဘာ ၁၄ ရက်တွင် လျှောက်ထားမှုအား ပယ်ချလိုက်သည်။

ရှေးရိုးစွဲအုပ်စုဖြစ်သော Family Love Alliance အုပ်စု ကထကမ ပြုကာ အဆိုပါ တရားမဝင်အဖြစ် သတ်မှတ်ပေးမှုကို လျှောက်ထားလာခြင်းအား ဖွဲ့စည်းပုံခုံရုံး တရားသူကြီးကိုးဦးတွင် အများစုဆန္ဒဖြစ်သော ငါးဦးထောက်ခံ လေးဦးကန့်ကွက်ဖြင့် ပယ်ချခြင်း ဖြစ်သည်။

ခုံရုံးက ၎င်းတို့ဖက် ရပ်တည်မည်မဟုတ်ကြောင်း ကျိန်းသေ သိလိုက်ကြချိန်တွင် ယင်းအုပ်စုအဖွဲ့ဝင်တစ်ချို့က ငိုကြွေးမှုများပင် ရှိခဲ့သည်။

ကမ္ဘာ့မွတ်စလင်အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူဆက်ဆံခြင်းနှင့် အိ်မ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းတို့ကို ဥပဒေမဲ့အဖြစ် ခုံရုံးက ဆုံးဖြတ်လိုက်မှာကို လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်ပူပန်နေခဲ့ကြခြင်းဖြစ်သည်။

လူတစ်ဦးတစ်ယောက်၏ အပြုအမူကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံခုံရုံး၏ အခန်းကဏ္ဍမဟုတ်ကြောင်း၊ ထိုသို့ ဥပဒေပြုခြင်းကလည်း လွှတ်တော်ကို ကျော်လွန်လုပ်ဆောင်ရာ ရောက်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြစ်သတ်စီရင်ထုံးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly