ဒီဇင်ဘာ ၁၄ ။ ။ ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် မြန်မာယူ-၂၁ အသင်းသည် ထိုင်းယူ-၂၁ အသင်းအား တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ယနေ့ပွဲတွင် အကောင်းဆုံးကြိုးစားကစားခဲ့ကြပြီး ထိုင်းအသင်းကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၆ မိနစ်တွင် တိုက်စစ်ကစားသမား ဟိန်းထက်အောင်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာယူ-၂၁ အသင်းသည် ပထမပွဲစဉ်တွင်လည်း ဗီယက်နမ်ယူ-၁၉ အသင်းနှင့် တစ်ဂိုးစီသရေကျထားသောကြောင့် လက်ရှိတွင် ရမှတ်လေးမှတ်ရရှိထားပြီ ဖြစ်သည်။
ယခုပြိုင်ပွဲမှာ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး ဗီယက်နမ်ယူ-၂၁၊ ဗီယက်နမ်ယူ-၁၉၊ မြန်မာယူ-၂၁ ၊ ထိုင်းယူ-၂၁ နှင့် ယိုကိုဟားမားအသင်းတို့ ပါ၀င်ယှဉ်ပြိုင်နေသည်။ အုပ်စုပထမနှင့် အုပ်စုဒုတိယရရှိသည့်နှစ်သင်းက ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး အုပ်စုတတိယနှင့် စတုတ္ထရသည့်နှစ်သင်းက တတိယလုပွဲ ကစားရမည် ဖြစ်သည်။