ပြန်ရွေးချယ်ခံရန် တားမြစ်ခံရခြင်းအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ရ ဦးက ရှင်းလင်းပွဲပြုလုပ်

ပြန်ရွေးချယ်ခံရန် တားမြစ်ခံရခြင်းအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ရ ဦးက ရှင်းလင်းပွဲပြုလုပ်

 

ရန်ကုန် ဒီဇင်ဘာ ၁၄ ။                  ။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာ အုပ်ချုပ်ရေးမှူး ရ ဦးအား ပြန်လည်ရွေးချယ်ခံရန် တားမြစ်ခြင်းအပေါ် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့၊ နေ့လည်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့်မရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများနှင့် ကြီးကြပ်ရေးမှူးဟောင်းများက ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဝေါမြို့နယ်အတွင်းက ကပင်၊ အဘား၊ ခင်တန်းကြီး၊ တနော်ကျွန်း၊ လက်ပန်၊ ညောင်ခါးရှည်၊ ရှမ်းကိုင်း စသည့် ကျေးရွာ ရ ရွာမှ အုပ်ချုပ်ရေးမှူးများသည် မှတ်တမ်းတင်သတိပေးခြင်းခံရသူများဖြစ်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲများတွင် ဝင်ရောက်ရွေးချယ်ခွင့်မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၁၈ ရက်နေ့က စာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်းသို့ စာထုတ်ပြန်ခဲ့ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရေးချယ်ခွင့်နှင့်အတူ မိမိတို့၏ ဂုဏ်သိက္ခာများလည်း ထိခိုက်ရသည်ဟု လက်ပန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဇော်ဝင်း က မဇ္ဈိမသို့ ပြောသည်။

" ကျွန်တော်တို့ရဲဲ့ဂုဏ်သိက္ခာတွေကို ထိခိုက်မှုတွေ ဖြစ်လာတယ်၊ အပြစ်တွေ ကြီးကြီးမားမားလုပ်လို့ပဲ အရွေးချယ်မခံရဘူး၊ ပြုတ်သွားတယ်၊ စသည်အား ဖြင့် စကားတွေက ဖြစ်လာတယ်၊ အဲဒါကြောင့် ရှင်း ရှင်းဖြစ်သွားအောင် ၂၄ ရက်နေ့ကြ မေးတယ်၊ ဘာလို့ အရွေးချယ်ခံခွင့်မရတာလဲ၊ မေးတော့ သူတို့က မသိဘူးပြောတယ်၊ ဘယ်အချိန်မှာ ပြန်ရွေးချယ်ခံခွင့်ရမလဲမေးတော့လည်း အဲဒါ ကျွန်တော်တို့ မသိဘူးတဲ့၊ အဲဒါဆို ကျွန်တော်တို့က ရာသင်ပန် အုပ်ချုပ်ရေးမှူးမရွေးချယ်ခံရသူတွေ ဖြစ်နေပြီလား၊ လုံးဝပြုတ်သွားတဲ့ အုပ်ချုပ်ရေးမှူးတောင်မှ ပြန်ရွေး ချယ်ခံခွင့်ရှိတယ်" ဟု ပြန်ရွေးချယ်ရန် တားမြစ်ခံရသည့် လက်ပန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဝင်းက ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲက အပြန်တွင် ပဲခူး တိုင်းဒေသကြီး၊ အစိုးရအဖွဲ့နှင့် တွေ့ဆုံတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟုလည်း တနော်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလှိုင်က ပြောသည်။ ထို့ပြင် ယင်းရွေးကောက်ပွဲများသည် ပြည်သူ၏ဆန္ဒများ အပြည့်အဝမရရှိဟု ၄င်းက ဆက်လက်ပြောသည်။

" ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ၆၁ ရွာရှိတဲ့အနက် ၅၈ အုပ်စု ကျေးရွာအုပ်ချုပ်မှု ရွေးတဲ့နေရာမှာ တစ်ကယ် ပြည်သူတွေကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးမှူးတွေ ရွေးတဲ့အခါမှာ   ပြည်သူတွေဆန္ဒ မပါသလောက်ကို ဖြစ်သွားတယ်၊ အရင်အစိုးရလက်ထက်တုန်းက ဘယ်လိုပဲဖြစ်ဖြစ် တစ်အိမ်တက်ဆင်း ၁၀ အိမ်ကို ၁ ခေါင်းနဲ့ ရွေးသွားတာ၊ ပြည်သူ့ဆန္ဒကို အပြည့် အဝခံစားရတယ်၊ ဒါပေမယ့် ဒီနေ့ ဒီအချိန်အခါမှာ ကျွန်တော်တို့အစိုးရ၊ ပြည်သူကြိုက်နှစ်သက်တဲ့ အစိုးရတက်လာကာမှ ဒီပြည်သူတွေရဲ့ဆန္ဒကို ဘာ ဖြစ်လို့ မခံယူတာလဲ" ဟု တနော်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလှိုင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး သို့ မဇ္ဈိမမှဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရပေ။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရ ဦးအား ပြန်လည်ရွေး ချယ်ခံရန် တားမြစ်ခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲ ရေး ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဌာနများသို့ နိုဝင်ဘာလ ၂၈ ရက်နေ့က စုပေါင်းလက်မှတ်ရေးထိုး၍ ကန့်ကွက်တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly