ရဲနှင့်ထိပ်တိုက်တွေ့သည့် ဆန္ဒပြမှုများ၌ ပါ၀င်သည်ဆိုကာ ပါလက်စတိုင်း ၆၇ ဦးကို အစ္စရေးဖမ်းဆီး

ရဲနှင့်ထိပ်တိုက်တွေ့သည့် ဆန္ဒပြမှုများ၌ ပါ၀င်သည်ဆိုကာ ပါလက်စတိုင်း ၆၇ ဦးကို အစ္စရေးဖမ်းဆီး

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ။             ။ အစ္စရေးနိုင်ငံ၏ မြို့တော်အား ဂျေရုဆလင်အဖြစ် အမေရိကန်က အသိအမှတ်ပြုခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ရဲနှင့် ထိပ်တိုက်တွေ့ကြမှုများ၌ ပါ၀င်သူများဆိုကာ ပါလက်စတိုင်း ၆၇ ဦးကို ဖမ်းဆီးထားကြောင်း အစ္စရေးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာပြီးချိန်မှစကာ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုဆလင်နှင့် ဂါဇာကမ်းမြောင်အပြင် အာရပ်နှင့် မွတ်စလင်နိုင််ငံများတွင် မတည်ငြိမ်မှုများ ဖြစ်ပွားပေါ်ပေါက်လာခဲ့သည်။

အမေရိကန်၏ အဆိုပါ လုပ်ရပ်ကို မွတ်စလင်နိုင်ငံများက ရှုတ်ချလိုက်ကြပြီး ကမ္ဘာကိုလည်း အရှေ့ဂျေရုဆလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းဆော်သြထားကြသည်။

ဒီဇင်ဘာ ၁၃ ရက်က အစ္စတန်ဘူလ်၌ ကျင်းပသည့် မွတ်စလင်နိုင်ငံပေါင်း ၅၀ ကျော် ပါ၀င်သော ထိပ်သီးညီလာခံတွင် တူရကီသမ္မတ အာဒိုဂန်က အမေရိကန်သည် အစ္စရေးနှင့် ပါလက်စတိုင်းကြား ကြားဝင်ဖြန်ဖြေသူ ၎င်း၏ အခန်းကဏ္ဍကို ပြည်ဖုံးကာချလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

“ဖြန်ဖြေသူအဖြစ်ရှိတဲ့ အမေရိကန်ရဲ့ ဘက်လိုက်မှုကို မေးခွန်းထုတ်ရတော့မယ်။ ခုချိန်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ကြားဝင်ဖြန်ဖြေသူအသစ်အတွက် ဆွေးနွေးဖို့ ကျွန်တော်တို့ လိုအပ်ပြီဖြစ်တယ်။”ဟု အာဒိုဂန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags