သမီးဦးလေးရရှိပြီဖြစ်သည့် ဂျိုယွန်းဟီးနှင့် လီဒေါင်ဂန်းတို့စုံတွဲ

သမီးဦးလေးရရှိပြီဖြစ်သည့် ဂျိုယွန်းဟီးနှင့် လီဒေါင်ဂန်းတို့စုံတွဲ

တောင်ကိုရီးယားမင်းသား လီဒေါင်ဂန်းနှင့် မင်းသမီးဂျိုယွန်းဟီးတို့ ဇနီးမောင်နှံသည် ယခုအခါတွင် မိဘများ ဖြစ်လာပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဒီဇင်ဘာလ ၁၄ရက်နေ့တွင် မင်းသမီး၏အေဂျင်စီက တရားဝင်သတင်းကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်ထဲ၌ “ ဂျိုယွန်းဟီးဟာ ဒီနေ့မနက်မှာပဲ ဆိုးလ်မြို့ကဆေးရုံတစ်ခုမှာ သမီးဦးလေးဖွားမြင်ခဲ့ပါ တယ်။ မိခင်နှင့်ကလေး နှစ်ဦးစလုံး ကျန်းကျန်းမာမာပဲရှိပါတယ်။ အခုချိန်မှာတော့ ဂျိုယွန်းဟီးဟာ အားပြန်မွေး နေပြီး လီဒေါင်ဂန်းကတော့ ဒီတန်ဖိုးရှိတဲ့အခိုက်အတန့်လေးကို မိသားစုတစ်စုလုံးနဲ့အတူ ကျော်ဖြတ်နေပါ တယ်။ သူတို့မိသားစုအတွက် နွေးထွေးတဲ့မေတ္တာနဲ့အတူ အားပေးလိုက်ကြပါဦး” ဟု ဖော်ပြထားသည်။

လီဒေါင်ဂန်းနှင့် ဂျိုယွန်းဟီးတို့သည် Laurel Tree Tailors ဒရာမာဇာတ်လမ်း ရိုက်ကူးခဲ့စဉ်က စတင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့စုံတွဲသည် ပြီးခဲ့သောမေလက တရားဝင်လက်မှတ်ရေးထိုးကာ လက်ထပ် ခဲ့ကြပြီး သီးသန့်မင်္ဂလာပွဲလေးတစ်ခုကို လွန်ခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က တိုးတိုးတိတ်တိတ် ကျင်းပခဲ့ကြသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly