ပရီးမီးယားလိဂ်မှာ စံချိန်ရှင်အသစ်ဖြစ်လာတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်မှာ စံချိန်ရှင်အသစ်ဖြစ်လာတဲ့ မန်စီးတီး

 

မန်စီးတီးအသင်းဟာ ဆွမ်ဆီးကို ၀-၄ ဂိုးနဲ့အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ၁၅ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းက ၂၀၀၂ ခုနှစ်တုန်းက ၁၄ ပွဲဆက်တိုက်အနိုင်ရတဲ့စံချိန်ကို တင်ထားတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲမှာ ရမှတ် ၄၉ မှတ်ရယူနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ၁၉ ပွဲဆက်တိုက်၊ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့အတူ ၁၄ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး အခု မန်စီးတီးနဲ့ ၁၅ ပွဲဆက်တိုက်အနိုင်ရတာ ဖြစ်ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် အဂူရိုနဲ့စတာလင်းတို့က ၉ ဂိုးစီသွင်းယူပေးထားကြပြီး ဂျီးဆပ်က ၈ ဂိုးသွင်းယူပေးထားပါတယ်။

ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့ဟာ ၈ ဂိုးစီနဲ့ ဒီနှစ်ပရီးမီးယားလိဂ်မှာ ဖန်တီးမှုအများဆုံးကစားသမားများအဖြစ် ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၂ ဂိုးသွင်းထားပြီး ပေးဂိုး ၁၁ ဂိုးပေးထားရပါတယ်။ ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ခံစစ်၊ တိုက်စစ်အကောင်းဆုံးဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မန်ယူကိုနိုင်ပြီးကတည်းက ရာသီဝက်ချန်ပီယံဖြစ်ဖို့ သေချာသွားတာလည်း ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူတို့အသင်းဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့ရင် ၁၅ ပွဲဆက်တိုက်အနိုင်ရမှုဟာ စံချိန်တစ်ခုသာ ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly