အလာဟ်ရှင်အမိန့်နှင့် သွေဖည်ခြင်းမရှိဘဲ ကမ်းခြေတွင် လွတ်လွတ်လပ်လပ်ရေကူးဝတ်စုံဖြင့် နေနိုင်ရန် မော်ရိုကိုရှိ အစ္စလာမ် အမျိုးသမီးများ အမျိုးသမီးသီးသန့် ကမ်းခြေတောင်းဆို

အလာဟ်ရှင်အမိန့်နှင့် သွေဖည်ခြင်းမရှိဘဲ ကမ်းခြေတွင် လွတ်လွတ်လပ်လပ်ရေကူးဝတ်စုံဖြင့် နေနိုင်ရန် မော်ရိုကိုရှိ အစ္စလာမ် အမျိုးသမီးများ အမျိုးသမီးသီးသန့် ကမ်းခြေတောင်းဆို

မော်ရိုကိုနိုင်ငံတွင် အစ္စလာမ်အမျိုးသမီးများက နွေရာသီတွင် ပင်လယ်ကမ်းခြေ၌ ဘာဂါဝတ်ရုံခြုံထားရခြင်းမရှိဘဲ ကိုယ်ခန္ဓာ အစိတ်အပိုင်းများပေါ်ကာ ရေကူးဝတ်စုံ ဝတ်ကာပင်ပျော်ပါး အပန်းဖြေသော် လည်း အလာဟ်ရှင်မြတ်အမိန့်နှင့် သွေဖည်မည့်ဟု စိုးရိမ်စရာမဖြစ်အောင်အတွက် အမျိုးသမီးသီးသန့် ကမ်းခြေသတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။

ဘာဂါဝတ်ရုံဖယ်ခွာကာ ကမ်းခြေတွင် နေပူစာခံသော်လည်း အလာဟ်၏ အမိန့်ကိုလည်း သွေဖည်ခြင်းမရှိအောင် လိင်မြူဆွယ်မှုဖြစ်သည်ဟုလည်း မဖြစ်ရအောင် အမျိုးသမီးသီးသန့်ကမ်းခြေထားပေးရန် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူအဖွဲ့က တောင်းဆိုတိုက်ပွဲဝင်နေခြင်းဖြစ်သည်။

သို့သော်လည်း ယင်းလှုံ့ဆော်မှုသည် နိုင်ငံတွင်း အငြင်းပွားစရာများပေါ်ပေါက်ခဲ့သည်။ ရှေးရိုးစွဲဝါဒီများက အဆိုပါလှုံ့ဆော်မှုကို တိုက်ခိုက်ဝေဖန်ကြသည်။

အစ္စလာမ်တွင် အမျိုးသမီးများအနေဖြင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အများအမြင်မဖော်ပြရဟုတားမြစ်ထားခြင်းကြောင့် ယခုကဲ့သို့ သီးသန့်ကမ်းခြေတွင် အမျိုးသမီးများသာ ရှိခြင်းဖြင့် ကမ်းခြေလည်း သွားနိုင်၊ အစ္စလာမ်ဥပဒေကိုလည်း လိုက်နာရာရောက်ကြောင်း အမျိုးသမီးဝါဒီ နိုးအဟိုဒါက ပြောပြီး ၎င်းတို့ကလည်း ရှေးရိုးမဖယ်ပါကြောင်း ဆိုသည်။

အမျိုးသားများက လိုက်ငေးကြည့်အောင် ရေကူးဝတ်စုံအထင်းသားဖြင့်နေထိုင်ခြင်းလုပ်ပြီး အလာဟ်၏ အမိန့်ကို ဖီဆန်ခြင်းလည်း မပြုလုပ်၍ ယခုကဲ့သို့ သီးသန့်ကမ်းခြေ လိုအပ်၍တောင်းဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ကမ်းခြေမှာလည်း ကီလိုမီတာရာပေါင်းများစွာ ရှည်လျားသဖြင့် အားလုံးနေနိုင်သည့် ကမ်းခြေနှင့် အမျိုးသမီးများအတွက် သီးသန့်ကမ်းခြေနေရာထားရန်အတွက်လည်း လုံလောက်အဆင်ပြေသည်ဟုလည်း ၎င်းကဆော်သြသည်။

”ယောက်ကျားတွေလိုပဲ ကျွန်မတို့အနေနဲ့လည်း လွတ်လပ်စွာကမ်းခြေမှာနေထိုင်ချင်တယ်။ ဆန့်ကျင်ဖက်လိင်ယောက်ကျားသားတွေမရှိတဲ့ ကမ်းခြေမျိုးဆိုရင် ကျွန်မတို့အတွက် လွတ်လွတ်လပ်လပ်နေနိုင် တယ်။”ဟု လှုံ့ဆော်သူတစ်ဦးကလည်း ဖေ့ဘုတ်တွင် ရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly