တရုတ်သမ္မတ၏ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲသို့ ဖိတ်ကြားခံခဲ့ရသည့် ဆောင်းဟေကျို

တရုတ်သမ္မတ၏ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲသို့ ဖိတ်ကြားခံခဲ့ရသည့် ဆောင်းဟေကျို

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကျိုသည် တရုတ်သမ္မတ ရှီကျင်းဖျင်ကိုယ်တိုင် ဦးစီးကျင်းပသည့် တရုတ်-ကိုရီးယားစီးပွားရေးမိတ်ဖက်အခမ်းအနား၏ နိုင်ငံတော်ဂုဏ်ပြုညစားစားပွဲသို့ တက်ရောက်ရန်အတွက် ဖိတ်ကြားခံခဲ့ရသည်ဟု သတင်းအများအပြားက ဖော်ပြခဲ့ကြသည်။

အကယ်၍ အဆိုပါဖော်ပြချက်များ မှန်ကန်ခဲ့ပါက ဆောင်းဟေကျိုသည် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် သမ္မတရှီကျင်းဖျင်ဦးစီးကျင်းပမည့် အဆိုပါအခမ်းအနားသို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နည်းတူ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတမွန်းဂျေးအင်သည် တရုတ်သမ္မတ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၃ ညအိပ် ၄ ရက်ခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံကြားရှိ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ရန်အတွက် ဆွေးနွေးသွားမည် ဖြစ်သည်။

ဆောင်းဟေကျိုသည် ဒီဇင်ဘာလ ၁၃ရက်နေ့ကတည်းက AmorePacific အလှကုန်အမှတ်တံဆိပ် ရောင်းကုန် မြှင့်တင်ရေးအတွက် ဘေဂျင်းသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး အဆိုပါ နိုင်ငံတကာအခမ်းအနားသို့ တက်ရောက်မည့် ပုံရှိကြောင်း သိရသည်။

တရုတ်ပြည်တွင်ပြုလုပ်မည့် ဆောင်းဟေကျို၏ လှုပ်ရှားမှုများသည် မင်းသားဆောင်းဂျွန်ကီနှင့် လွန်ခဲ့သော အောက်တိုဘာလတွင် လက်ထပ်ခဲ့ပြီးကတည်းက ပထမဦးဆုံးအကြိမ်ပြန်လည်စတင်သည့် သူမ၏ အနုပညာ လှုပ်ရှားမှုတစ်ခုဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly