၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၁)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၁)

အေအက်ဖ်ပီမှ ရွေးချယ်ထားတဲ့ ၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အပိုင်းလိုက်ခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။

(၂) ဒါကတော့ ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက် ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသ Fujians က Fangshan ဆိုတဲ့ ကျေးရွာတစ်ခုမှာ ရိုက်ထားတာဖြစ်ပါတယ်။ ဒီပုံမှာတော့ Zheng Yinquan က "eating flowers" ပန်းစား ထုံးတမ်းဓလေ့ကို တင်ဆက်နေပုံ ဖြစ်ပါတယ်။ တရုတ်အရှေ့ခြမ်းက ရွာသူရွာသားတွေဟာဆိုရင် ခြစ်ခြစ်တောက် ပူနေတဲ့ မီးပွားတွေ အောက်မှာ ၀င်ရောက်ခံယူ သန့်စင်ပြီး မကောင်းတဲ့ အညစ်အထေးတွေကို ဆေးကြောတတ်တဲ့ ထူးခြားတဲ့ အလေ့တစ်ခု ရှိနေပါတယ်။ ဓာတ်ပုံ - Johannes Eisele/AFP

(၃) မက္ကဆီကို အနောက်မြောက်ပိုင်း Sonora ပြည်နယ် San Luis Rio Colorado မြို့မှာ အမေရိကန်နဲ့ မက္ကဆီကို နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုး အပိုင်းအခြားတစ်ခုကို တွေ့မြင်ရခြင်း ဖြစ်ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်မှာ ရိုက်ကူးထားပါတယ်။ ဓာတ်ပုံ - Guillermo Arias/AFP

(၄) Olive Ridley ပင်လယ်လိပ်ကြီးတွေ Rushikulya ကမ်းခြေက သဲသောင်ပြင်မှာ တက်ရောက် ဥ ဥပြီး ပင်လယ်ထဲ ပြန်ဆင်းနေကြတာဖြစ်ပါတယ်။ Rushikulya ကမ်းခြေကတော့ အိန္ဒိယအရှေ့ပိုင်း Bhubaneswar မြို့ရဲ့ အနောက်တောင်ပိုင်း ကီလိုမီတာ ၁၄၀ အကွာမှာ ရှိပြီး အိန္ဒိယကမ်းရိုးတန်းပြည်နယ် Orissa မှာ လိပ်ကြီးတွေ တက်ရောက် ဥ ဥ တဲ့ အဓိက ကမ်းခြေသုံးခုအနက်က ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီ ၁၆ ရက်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ Olive Ridley ပင်လယ်လိပ်ကြီးတွေဟာ ဘင်္ဂလားပင်လယ်အော်ထဲကနေ ကမ်းခြေဆီ တက်ပြီး ဥ ဥ ကြတာဖြစ်ပါတယ်။ ဓာတ်ပုံ - Asit Kumar/AFP

(၅) ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်က ရိုက်ကူးထားတဲ့ ဒီပုံထဲမှာတော့ မြောက်ကိုရီးယားနိုင်ငံ ပြံုယမ်းမှာ ရေကူးအားကစားသမားတွေက ချိန်သားကိုက် တင်ဆက်မှုတစ်ခုကို တင်ဆက်ပြသနေတာဖြစ်ပါတယ်။ ယင်းတင်ဆက်မှု အခမ်းအနားကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-II ရဲ့ မွေးနေ့ ရ၅ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပတဲ့ များစွာသော ပွဲလမ်းသဘင်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ - Ed Jones/AFP

(၆) ၂၀၁၇ ဖေဖော်ဝါရီ ၁၀ ရက်က ကောင်းကင်ယံကနေ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံမှာတော့ တရုတ်နိုင်ငံ Yuxi ကျေးရွာမှာ မီးရှုးမီးပန်း ဗြောက်အိုးတွေ ဖောက်ပြီး "beat the Buddha" ပွဲတော်ကို ကျင်းပပြီးစီးသွားချိန် အမျိုးသမီးတစ်ဦးက သန့်ရှင်းရေးလုပ်နေပုံကို ပြသထားတာဖြစ်ပါတယ်။ တရုတ်အရှေ့ပိုင်း Fujian ဒေသက ရွာသားတွေဟာ ဗုဒ္ဓဘုရားကို ထူးထူးခြားခြား ကိုးကွယ်ပူဇော်တဲ့ အလေ့အထတစ်ခု ရှိပါတယ်။ နှစ်သစ်မှာ ကောင်းခြင်းတွေ ရှိစေဖို့နဲ့ သီးနှံအထွက်နှုန်းကောင်းဖို့ ရည်မှန်းပြီး ရွာသားတွေက ကျောက်သား ရုပ်ထုကို ထုနှက်ပြီး ဆုတောင်းလေ့ရှိကြပါတယ်။ ယင်း ဘာသာရေးပွဲကိုတော့ Yuxi ကျေးရွာမှာ သောကြာနေ့မှာ ကျင်းပပြီး ယခုနှစ်ဖေဖော်ဝါရီ ၁၁ မှာ ကျရောက်တဲ့ ရိုးရာ မီးထွန်းပွဲတော်အကြို ကျင်းပတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဓာတ်ပုံ - Johannes Eisele/AFP

(၇) အင်ဒိုနီးရှားနိုင်ငံက Sinabung မီးတောင်ကနေ မီးတောင်ပြာတွေ မှုတ်ထုတ်နေတာကို ၂၀၁၇ ဖေဖော်ဝါရီ ၁၀ ရက်က ဆူမားတြားမြောက်ပိုင်း Karo ဒေသကနေ လှမ်းမြင်နေရပုံဖြစ်ပါတယ်။ မီးတောင် ပြာမှုတ်ထုတ်နေတာကို မြင်နေရချိန် ယင်းနဲ့ သိပ်မဝေးလှတဲ့ နေရာမှာ မူလတန်းကျောင်းသားတွေ စာသင်ကျောင်းအပြင်ဘက်မှာ ဘောလုံးကန်နေကြပုံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အလှုပ်ရှားဆုံး မီးတောင်တစ်ခုဖြစ်တဲ့ Sinabung မီးတောင်အန္တရာယ်ကနေ လွတ်အောင်လို့ ယင်းဧရိယာမှာ နေထိုင်ကြသူအများစုကို ဘေးလွတ်တဲ့ အခြားကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ အာဏာပိုင်းတွေက ညွန်ကြားနှိုးဆော်ခဲ့ရပါတယ်။ ဓာတ်ပုံ - AFP

(၈) ၂၀၁၇ ဖေဖော်ဝါရီ ၆ ရက်က ဂါဇာကမ်းမြှောင် မြောက်ပိုင်းက ဟားမက် စခန်းတစ်ခုကို အစ္စရေး တို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးလုံးတွေ တက်လာချိန် ပါလက်စတိုင်းတွေ ထွက်ပြေးနေကြပုံ ဖြစ်ပါတယ်။ ပါလက်စတိုင်းဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ကျည်ဖူးတစ်ခု နယ်စပ်ဒေသတစ်ခုမှာ ကျလာခဲ့ပြီးနောက် ဂါဇာမှာရှိတဲ့ ဟားမက် တို့ရဲ့တည်နေရာတွေကို တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဓာတ်ပုံ - Mohammed Abed/AFP

(၉) ၂၀၁၇ ဇန်နဝါ၇ီ ၂၅ ရက်က ၀ါရှင်တန်ဒီစီ ပြည်တွင်းလုံခြံုရေးဌာန အဆောက်အအုံမှာ မက္ကဆီကိုတံတိုင်းစီမံကိန်း စတင်ဖို့ တစ်ချက်လွှတ်အမိန့်ကို လက်မှတ်ထိုးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလောင်တံ အဖုံးချွတ်နေပုံ ဖြစ်ပါတယ်။ ဓာတ်ပုံ - Nicholas Kamm/AFP

(၁၀) ဒါကတော့ ၂၀၁၇ ဇန်နဝါရီ ၂၀ မှာရိုက်ကူးထားတာပါ။ အိုင်အက်စ် အကြမ်းဖက်အုပ်စုကို တိုက်ခိုက်သုတ်သင်တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း မိုလ်ဆူးမြို့ အရှေ့ပိုင်းက ဓာတ်တိုင်တစ်ခုမှာ ချိတ်ဆွဲခံထားရတဲ့ လူသေအလောင်းတစ်လောင်း ပုံဖြစ်ပါတယ်။ အီရတ် စစ်ဘက်တပ်မှူးတွေအနေနဲ့ မိုလ်ဆူးမြို့အရှေ့ပိုင်းမှာ စစ်နိုင်ကြောင်း ကြေညာပြီး နောက်ဆုံးလက်ကျန် အိုင်အက်စ်တွေကို ရှင်းထုတ်တိုက်ခိုက်ခဲ့ရပါတယ်။ ယင်းနောက် မြို့အနောက်ဘက်ခြမ်းကို စစ်ဆင်ရေးဆောင်ရွက်ဖို့ ခပ်မြန်မြန်ပဲ စီစဉ်ခဲ့ကြပါတယ်။ ဓာတ်ပုံ - Dimitar Dilkoff/AFP

(၁၁) ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်တုန်းက ဒေါ်နယ်ထရမ့်  နယူးယော့ခ်မြို့က ထရမ့်တာဝါမှာ Marting Luther King III နဲ့ တွေ့ဆုံပြီး ၎င်းကို ဧည့်ခန်းမဆောင်ထဲ လိုက်ပို့ပေးပြီးတဲ့နောက် ဓာတ်လှေကား စီးတဲ့ ပုံဖြစ်ပါတယ်။ ဓာတ်ပုံ - Dominick Reuter/AFP

(၁၂) အီရတ်အထူးတပ်ဖွဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်က တပ်ဖွဲ့ဝင်တစ်ဦး ၂၀၁၇ ဇန်နဝါရီ ၁၅ ရက်က မိုလ်ဆူး တက္ကသိုလ်မှာ အစောင့်တာဝန်ကျရင်း ဓားကိုင်ထားပုံ ဖြစ်ပါတယ်။ ယင်းအချိန်က အိုင်အက်စ် အကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးကာလဖြစ်ပါတယ်။ အီရတ်တပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ၁၄ မှာ မိုလ်ဆူးတက္ကသိုလ်ကို အိုင်အက်စ်တို့လက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ မြို့အရှေ့ခြမ်းကို ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရာမှာ အဓိကကျတဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံ - Dimitar Dilkoff/AFP

(၁၃) ၂၀၁၇ ဇန်နဝါရီ ၁၁ ရက်က Belgrade က ဒုက္ခသည် စခန်းတစ်ခုရဲ့ ဂိုဒေါင်တစ်ခုရှေ့မှာ စေတနာ့ဝန်ထမ်းတွေ ဝေပေးမယ့် အစားအစာတွေကို ရယူဖို့ ရွှေ့ပြောင်းနေထိုင်သူတွေ တန်းစီနေကြပုံ ဖြစ်ပါတယ်။ အပူချိန်ကတော့ ညပိုင်းမှာ ၁၅ ဒီဂရီ ဆဲစိယက်စ်ထိ ကျဆင်းနေခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့ကိန်းဂဏာန်းတွေအရ ခန့်မှန်းခြေ ရွေ့ပြောင်းနေထိုင်သူ ရ,၀၀၀ လောက်ဟာ ဆားဗီးယားမှာ သောင်တင်နေခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Andrej Isakovic/AFP

(၁၄) ၂၀၁၇ ဇန်နဝါရီ ၂ ရက်က အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၁၇ Dakar Rally Stage 1 ကားမောင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ပုံကို ပရိသတ်တွေ စောင့်ကြည့်နေကြပုံ ဖြစ်ပါတယ်။ ဓာတ်ပုံ - Franck Fife/AFP

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၂)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၃)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၄)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly