ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ၃၇၈ ဦးရှိကြောင်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်ပြော

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ၃၇၈ ဦးရှိကြောင်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်ပြော

လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇၈ ဦးရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့် ကပြောကြားသည်။

“ပြည်သူ့လွှတ်တော်အတွက်က ၉၅ ဦး၊ အမျိုးသားလွှတ်တော် အတွက်က ၇၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အတွက်က ၂၀၇ ဦး၊ ချင်းတိုင်းရင်း ကိုယ်စားလှယ်က ၅ ဦး၊ စုစုပေါင်း ၃၇၈ ဦးရှိပါတယ်။ အဲဒီအထဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က ၅၀ ဦးပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ ၂၂ ပါတီရှိပြီး၊ ထိုအထဲတွင် တစ်သီးပုဂ္ဂလ တစ်ပါတီပါဝင်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရေဘေးသင့် ပြည်သူများမှာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း စာရွက်စာတမ်းများ၊ မှတ်ပုံတင်များ ပျောက်ဆုံးသွားသောကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေ ကြပြီးပြည်နယ်ရွေးကောက် ပွဲကော်မရှင်က စိုရိမ်စရာမရှိဘဲ အားလုံးသူ မဲပေးနိုင်အောင် ဆောင်ရွက်နေကြေင်း ပြောသည်။

“ရေဘေးသင့်တဲ့ဒေသတွေ၊ မဲဆန္ဒတွေမှာ ရေဘေးကြောင့် ပျောက်သွားတာရှိမယ်၊ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေ မျောပါသွားတာ ရှိမယ်။ ဒီလို မဲဆန္ဒရှင်တွေ အနေနဲ့ ပူစရာမလိုပါဘူး။ ပထမကတည်းက မဲဆန္ဒရှင် စာရင်းက ကောက်ပြီးသား၊ အဲဒီမှာ ပါသွားရင် ဘာမှ ပူစရာမလိုဘူး။ အားလုံးသူ မဲပေးလို့ရအောင် ကော်မရှင်က စီစဉ်ထားတာ ရှိပါတယ်။ မှတ်ပုံတင်တောင် ယူလာစရာလိုမဘူး။ ရွေးကောက်ပွဲမကျမီ မဲထည့်ခွင့် လက်မှတ်လည်း၊ အားလုံးသူကို ထုတ်ပေးမှာပါ။ အဲဒီလက်မှတ်သာပါရင် ရပြီ၊ အဲဒီလက်မှတ်လည်းရှိရင်တော့ မဲပေးပိုင်ခွင့် ရရပါမယ်။ ” ဟု ပြောသည်။

လာမည့် စက်တင်္ဘာလ နောက်ဆုံးအပတ်တွင် မဲဆန္ဒရှင်စာရင်း အားလုံးကို အပြီးသတ် ကျေညာမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းစဉ်များကိုလည်း မဲပေးကြမည့် ပြည်သူများပါ၊ မဲရုံစောင့်ကြမည့် ဝန်ထမ်းများပါ အားလုံးသူကို မဲဆန္ဒရှင် အတည်ပြုစာရင်း ထုတ်ပြန်ပြီးသည့်နောက်ပိုင်းတွင် အပြီးဆောင်ရွက်သွားမည်ဟု ဦးအောင်မြင့်ကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်က ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများကို နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်နိုင်ငံကိုမှ သွားရောက်နေထိုင်ခွင့် မရှိရဘဲ မြန်မာနိုင်ငံတွင် ဆက်တိုက် ၁၀ နှစ် နေထိုင်နေသူ ဖြစ်ရမည်ဆိုသည့် ဥပဒေမှာ ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ ပြည်ပကနေဝင်လာသည့် မြန်မာ့အရေးလှုပ်ရှားသူများ အနေဖြင့် လွှတ်တော် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ရန် အခက်အခဲရှိနေကြပြီး၊ ယင်းဥပဒေကိုလည်း ဖျက်သိမ်းသင့်သလို မဟုတ်ပါကပြန် လည်ပြင်ဆင်သင့်ကြောင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ပိုင်း မဲဆန္ဒရှင် အမှတ် (၁) က ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးအောင်မင်းဦးက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly