ဂျေရုဆလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုကြရန် တူရကီသမ္မတ တိုက်တွန်း

ဂျေရုဆလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုကြရန် တူရကီသမ္မတ တိုက်တွန်း

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၃ ။         ။ တူရကီသမ္မတ အာဒိုဂန်က ပါလက်စတိုင်းနို်င်ငံနှင့်အတူ ဂျေရုဆလင်ကိုပါ ပါလက်စတိုင်မြို့တော်အဖြစ် အားချင်းအသိအမှတ်ပြုကြရန် နိုင်ငံများအား ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်တွန်းလိုက်သည်။

တူရကီတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတစ်ရပ်တွင် အစ္စလာမ္မစ်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် ထိပ်တန်းတာဝန်ရှိသူများ စည်းဝေးတွေ့ဆုံကြရာ အာဒိုဂန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်ကို ဆန့်ကျင်ရာတွင် မွတ်စလင်ကမ္ဘာ၏ ညီညွတ်မှုကို စုစည်းအားယူခြင်း ဖြစ်ဟန်ရှိသည်။

သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ကာ အမေရိကန်သံရုံးအား တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြင့် အရှေ့အလယ်ပို်င်းတွင် တင်းမာမှုများ မြင့်တက်နေသည်။

ဂါဇာနယ်စပ်တွင်လည်း ပါလက်စတိုင်းများနှင့် အစ္စရေးစစ်သားများ ထိပ်တိုက်တွေ့ခြင်းများ ရှိကာ လူသေဆုံးမှုများပါ ရှိလာသည်။ တူရကီတွင် ယခု စည်းဝေးတွေ့ဆုံခြင်းသည် ထရမ့်၏ လုပ်ဆောင်ချက်ကို မွတ်စလင်ကမ္ဘာက အပြင်းထန်ဆုံး တုံ့ပြန်မှုကို ဖော်ပြလာခြင်းပဲ ဖြစ်သည်။

ထရမ့်၏ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ခြင်းကို ထုတ်ဖော်ဝေဖန်မှု အများဆုံးတွင် တူရကီသမ္မတ အာဒိုဂန်မှာ ရှေ့ဆုံးမှ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly