အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီကြီး GrabTaxi ခွဲဖြာပဒေသာစုံသော အခြေအနေများကြောင့် အရှေ့တောင်အာရှသို့ စျေးကွက်ချဲ့ထွင်ရန် အခက်တွေ့နေ

အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီကြီး GrabTaxi ခွဲဖြာပဒေသာစုံသော အခြေအနေများကြောင့် အရှေ့တောင်အာရှသို့ စျေးကွက်ချဲ့ထွင်ရန် အခက်တွေ့နေ

စင်ကာပူ၊ သြဂုတ်-၂၀ ။          ။ အငှားယာဉ်ဝန်ဆောင်မှု ဆော့ဖ်ဝဲကုမ္ပဏီကြီးဖြစ်သည့် GrabTaxi Holdings Pte မှာ ဒေသ၏ ခွဲဖြာပဒေသာစုံသည့် အခြေအနေများကြောင့် အရှေ့တောင်အာရှ ကိုဈေးကွက်ချဲ့ထွင်ဖို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

GrabTaxiက ၎င်း၏အရင်းမြစ်များကို အရှေ့တောင်အာရှအပေါ်မှာ စူးစိုက်ပုံအောသွားမှာဖြစ်ပြီး လောလောဆယ် ထိုဒေသကို ကျော်လွန်ချဲ့ထွင်ရန် အစီအစဉ်မရှိသေးကြောင်း အုပ်စု၏ ဈေးကွက်ဒုဥက္ကဌ ချယ်ရီဂိုးက အီးမေးစာလွှာတစ်စောင်တွင် ပြောကြားခဲ့သည်။ စင်ကာပူအခြေစိုက် GrabTaxi မှာ လက်ရှိ မြို့ကြီး ၂၆မြို့တွင် ဝန်ဆောင်မှုပေးလျှက်ရှိပြီး လာမည့်လများတွင် ပထဝီကွန်ရက်ကို အရှိန်အဟုန်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်ဟုလည်း သူမက ပြောကြားခဲ့သည်။

‘ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အရှေ့တောင်အာရှဈေးကွက်ရဲ့ အမျိုးပဒေသာစုံခွဲဖြာမှုနဲ့ ဆက်နွယ်ပတ်သက်နေတယ်။ ဒီပြဿနာတွေထဲမှာ ဘာသာစကား၊ အခြေခံအဆောက်အအုံ ကင်းမဲ့မှုနဲ့ ယဉ်ကျေးမှုခြားနားချက်တွေ ပါဝင်နေတယ်’’ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတစ်ခုတည်းတွင်ပင် ဘာသာစကားနှင့် ဒေသိယစကား ရာနှင့်ချီ၍ ရှိနေသည်။ မတူညီသော ယဉ်ကျေးမှုများကြောင့် ကုမ္ပဏီ၏ ဈေးကွက်၆ခုအနက် တစ်ခုစီတိုင်းတွင် ယာဉ်မောင်းများကို သိမ်းသွင်းရာ၊ ခရီးသည်များကို ဆွဲဆောင်ရာတွင် ခြားနားကြရာ လူ့အသိုင်းအဝိုင်းများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ဖို့ဆိုလျှင် ဒေသခံ ဈေးကွက်ထိုးဖောက်ရေးအဖွဲ့များကို အသုံးပြုရန်မှတစ်ပါး အခြား မရှိဟုလည်း ချယ်ရီဂိုးက ပြောကြားသည်။

GrabTaxiက လက်ရှိ ၎င်း၏ဈေးကွက်အားလုံးတွင် ရရှိနိုင်သည့် ပရိုက်ဗိတ်ကားအငှားဝန်ဆောင်မှုကို ချဲ့ထွင်သွားမည်ဖြစ်သကဲ့သို့ လက်ရှိ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရရှိနိုင်နေပြီဖြစ် သည့် မော်တော်ဆိုင်ကယ်အငှားယာဉ်ဝန်ဆောင်မှုကိုလည်း တိုးချဲ့သွားမည်ဖြစ်သည်ဟု ချယ်ရီဂိုးက

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly