နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Rose (နှင်းဆီပန်း)
Generic Name: Rose (နှင်းဆီပန်း)
နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ် တွေက ရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓာ၊ စိတ်နဲ့အရေပြားတို့အတွက် ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကို တော့သိပ်မသိကြသေးပါဘူး။

နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီး နောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း – နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့် နည်းတစ်ရပ်ပါ။

သဘာဝ ကာမအားတိုးဆေးတစ်ရပ် –  နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာ တော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျမှုတွေကိုပြေလျော့စေခြင်း – ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမိးတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ Paraíba-Caixa တက္ကသိုလ် Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။လို့တွေ့ရှိခဲ့ပါတယ်။

လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်း လျော့ပါးစေပါတယ်။

ဝက်ခြံပျောက်စေနိုင်ခြင်း – ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင််ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့ phenyl ethanol ပါရှိမှုကြောင့် rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း – နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

နှလုံးရောဂါနဲ့ အိတ်ချ်အိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း – နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့ Kaempferol ဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။

နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှု့ံဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။ လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလို သွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

 နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာများ

-နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။

-ဆီးချို (သို့) သွေးအားနည်းရောဂါရှိသူတွေအနေနဲ့  နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly