နှလုံးသားရဲ့ဆန္ဒကြောင့် မန်ယူကို ပြန်လာခဲ့တာလို့ ဆိုတဲ့ ပေါ့ဂ်ဘာ

နှလုံးသားရဲ့ဆန္ဒကြောင့် မန်ယူကို ပြန်လာခဲ့တာလို့ ဆိုတဲ့ ပေါ့ဂ်ဘာ

 

ဒီဇင်ဘာ ၁၃၊ အင်္ဂလန် ။                 ။ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက နှလုံးသားရဲ့ဆန္ဒကြောင့် မန်ယူကို ပြန်လာခဲ့တာပါလို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ဂျူဗင်တပ်စ်မှာခြေစွမ်းပြနေတဲ့ ပေါ့ဂ်ဘာကို မန်ယူနဲ့ရီးယဲလ်တို့က ခေါ်ယူဖို့ အပြိုင်ကြိုးစားခဲ့ကြပေမယ့် ပေါ့ဂ်ဘာက သူ့ရဲ့အသင်းဟောင်း မန်ယူကို ရွေးချယ်ခဲ့ပါတယ်။

ရီးယဲလ်ကိုငြင်းပယ်ပြီး မန်ယူကိုရွေးချယ်ခဲ့လို့ နောင်တမရပါဘူးလို့ ပေါ့ဂ်ဘာက ဆိုပါတယ်။

“ကျွန်တော့်နှလုံးသားက ပြောလို့ မန်ယူကို ပြန်လာခဲ့တာပါ။ ဘာကြောင့်လဲ ကျွန်တော်မသိပါဘူး။ ဘာတွေဖြစ်ပျက်သွားလည်း ဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ အဲ့ဒါကို ကျွန်တော်လုပ်ခဲ့ပါတယ်။ ရီးယဲလ်ကို ငြင်းပယ်ခဲ့လို့ နောင်တမရပါဘူး။ ဒီဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး” လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။

မန်ယူအသင်းရဲ့အဓိက ကွင်းလယ်ကစားသမား ဖြစ်နေပြီဖြစ်တဲ့ ပေါ့ဂ်ဘာက ဒီရာသီမှာ သူတို့အသင်းရဲ့အဓိက ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားရရှိဖို့လို့ ပြောပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဖလားကိုမရဘဲ အခြားဆုဖလားတွေကို ရခဲ့ရင်လည်း ပျော်မှာပါလို့ ပြင်သစ်ကွင်းလယ်လူက ဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly