BTS အဖွဲ့၏ ပါရမီနှင့် အလုပ်ကြိုးစားမှုတို့ကို ချီးမွမ်းခဲ့သည့် ကာမီလာကာဘယ်လို

BTS အဖွဲ့၏ ပါရမီနှင့် အလုပ်ကြိုးစားမှုတို့ကို ချီးမွမ်းခဲ့သည့် ကာမီလာကာဘယ်လို

နာမည်ကျော်အဆိုတော်မလေး ကာမီလာကာဘယ်လိုသည် တောင်ကိုရီးယားမှ အမျိုးသားဂီတအဖွဲ့ BTS အား အင်တာဗျူးတစ်ခု၌ ချီးမွမ်းထောပနာပြုခဲ့သည်။

Teen Vogue မဂ္ဂဇင်းနှင့် မကြာခင်ကပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ကျူးဘား-အမေရိကန် အဆိုတော်ဖြစ် သော ကာမီလာကာဘယ်လိုအား လက်တင်ဂီတအမျိုးအစား တစ်ဟုန်ထိုးကျော်ကြားလာမှုနှင့်ပက်သက်၍ သူမ၏ထင်မြင်ချက်ကို မေးမြန်းခဲ့သည်။

ထိုအခါသူမက အင်တာနက်နှင့် လူမှုမီဒီယာများသည် ယဉ်ကျေးမှုနှင့် ဘာသာစကား အတားအဆီးများကို ဖြတ်ကျော်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါ၀င်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

“ကျမက စပိန်ဂီတအမျိုးအစားတွေကိုပဲ အမြဲတမ်းနားထောင်နေခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ အမေရိကန် ဂီတဆုပေးပွဲမှာ ကိုရီးယားပေါ့ပ်ဂီတအဖွဲ့နဲ့ အခြားအဖွဲ့တွေ လာရောက်ဖျော်ဖြေတာကို တွေ့မြင်ခဲ့ရပါတယ်။ သူတို့ဟာ အမေရိကန်ဂီတလောကထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ သူတို့ဟာ အတားအဆီးတွေ အများကြီးကို ကျော်ဖြတ်လာခဲ့ရတယ်လို့ ကျမခံစားရပါတယ်။ ဒါဟာအလွန်ကောင်းမွန်တဲ့ အလှတရားတစ်ခု ဖြစ်ပြီး ဒီအတွက်လည်း ကျမတကယ့်ကို ၀မ်းမြောက်မိပါတယ်” ဟု ကာမီလာက ပြောခဲ့သည်။

BTS အဖွဲ့၏ ပရိသတ်များလားဟု သူမအား မေးမြန်းခဲ့ရာ၌ ကာမီလာက “ ဟုတ်ပါတယ်။ အရမ်းကိုမိုက်ပါတယ် သူတို့ဟာ တကယ့်အမိုက်စားဖြစ်ပြီး ပါရမီလည်းရှိပါတယ်။ သူတို့ အမေရိကန်ဂီတဆုပေးပွဲမှာ ဖျော်ဖြေတာကို ကျမတွေ့လိုက်ပါတယ်။ ဒါဟာ အမေရိကန်ရုပ်သံမှာ သူတို့ရဲ့ပွဲဦးထွက်ဖျော်ဖြေမှုဖြစ်တာကြောင့် သူတို့အပြင် သူတို့ရဲ့ပရိသတ်တွေကပါ စိတ်လှုပ်ရှားဝမ်းသာနေခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။

ဆက်လက်ပြီး သူမက “အဲ့ဒီဆုပေးပွဲရဲ့ အင်တာဗျူးတစ်ခုမှာ BTS အဖွဲ့ဟာ ကျမရဲ့ Havana သီချင်းကို သီဆို ပြသွားပါတယ်။ အဲဒါက ကျမရဲ့အနှစ်သက်ဆုံး အခိုက်အတန့်တစ်ခုပါပဲ။ သူတို့ဟာ သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုတွေ နဲ့ ကကွက်တွေအတွက် အာရုံစိုက်ထားကြပါတယ်။ သူတို့အလုပ်အရမ်းကြိုးစားတယ်လို့ ပြောနိုင်သလို အဲ့ဒီ အတွက်လည်း ကျမသူတို့ကို အရမ်းလေးစားပါတယ်” ဟု ချီးမွမ်းပြောဆိုခဲ့သည်။

ပြီးခဲ့သောမေလက ကျင်းပခဲ့သည့် အမေရိကန်ဂီဆုပေးပွဲ၌ BTS အဖွဲ့နှင့် ကာမီလာကာဘယ်လိုတို့ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြဖူးသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly