Star of Korean Tourism ဆုချီးမြှင့်ခံခဲ့ရသည့် ပါ့ခ်ဘိုဂမ်

Star of Korean Tourism ဆုချီးမြှင့်ခံခဲ့ရသည့် ပါ့ခ်ဘိုဂမ်

၂၀၁၇ ခုနှစ်၏ Star of Korean Tourism ဆုကို မင်းသားပါ့ခ်ဘိုဂမ်က ဆွတ်ခူးရရှိခဲ့သည်။

ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကိုရီးယားခရီးသွားလာရေးအဖွဲ့နှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာမှု ၀န်ကြီးဌာနတို့သည် ဆိုးလ်မြို့ရှိ Lotte ဟော်တယ်၌ ၂၀၁၇ ခုနှစ်အတွက် ကိုရီးယားခရီးသွားလုပ်ငန်းဆုပေးပွဲ (Korean Tourism Awards) အခမ်းအနားကို ကျင်းပခဲ့သည်။

ထိုဆုပေးပွဲ၌ ဆုများဆွတ်ခူးခဲ့သော လူပုဂ္ဂိုလ် ၁၃ဦးထဲ၌ ပါ့ခ်ဘိုဂမ်လည်း အပါအဝင်ဖြစ်သည်။ ပြီးခဲ့သော ဖေဖေါ်ဝါရီလကလည်း ပါ့ခ်ဘိုဂမ်သည် ကိုရီးယား Forbes မဂ္ဂဇင်း၏ ၂၀၁၇ ခုနှစ်အတွက် နံပါတ်တစ်သြဇာအရှိ ဆုံး ထင်ပေါ်ကျော်ကြားသည့် လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ပါ့ခ်ဘိုဂမ်သည် tvN ရုပ်သံလိုင်းမှထုတ်လွှင့်သည့် Reply 1998 ဒရမာနှင့် KBS ရုပ်သံလိုင်းမှထုတ်လွှင့်သည့် Moonlight Drawn By Clouds ဒရာမာဇာတ်လမ်းတို့၌ ပါ၀င်သရုပ်ဆောင်ရင်း အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်သည်။

ပါ့ခ်ဘိုဂမ်သည် ယခုနှစ်အတွင်း အာရှ ၈ နိုင်ငံသို့ ပရိသတ်များနှင့်တွေ့ဆုံပွဲအတွက် သွားရောက်ခဲ့ပြီး ကိုရီးယား နိုင်ငံအပေါ် လူစိတ်ဝင်စားမှုများပြားလာအောင် ကြော်ငြာနိုင်ခဲ့သည့်အတွက် ကိုရီးယားခရီးသွားလာရေးအဖွဲ့မှ ယခုလိုဆုချီးမြှင့်ခြင်းဖြစ်သည်။

လတ်တလောတွင် ပါ့ခ်ဘိုဂမ်သည် ၂၀၁၇ခုနှစ်အတွက် ကိုရီးယားယဉ်ကျေးမှုနှင့် အနုပညာဆုကို နိုဝင်ဘာလ ကဆွတ်ခူးခဲ့ပြီး နို၀င်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် Mnet ဂီတဆုပေးပွဲ၌ အစီအစဉ်မှူးအဖြစ် တင်ဆက်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly