NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရီးယဲလ်နဲ့အယ်လ်ဂျားဇီးယားတို့ပွဲမတိုင်ခင် နှစ်ဖက်အသင်းဘာတွေ ပြောခဲ့ကြလဲ?

.

 

FIFA Club World Cup ပြိုင်ပွဲရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးယဲလ်အသင်းနဲ့ အယ်လ်ဂျားဇီးယားအသင်းတို့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ နှစ်ဘက်အသင်းနည်းပြတွေနဲ့ အသင်းသားတွေက သူတို့ရဲ့ အမြင်နဲ့ယုံကြည်ချက်တွေကို အခုလို ပြောခဲ့ကြပါတယ်။ ပထမဆုံး အယ်လ်ဂျားဇီးယားနည်းပြ ဟန်တန်ကိတ်က ရီးယဲလ်နဲ့ပွဲဟာ သူတို့အတွက် ထူးခြားတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ဆိုပါတယ်။

“ဒီနေရာမှာ ထိုင်ခွင့်ရနေတာကိုက အံ့အားသင့်ဖွယ်ကောင်းပါတယ်။ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှထင်ထားမှာ မဟုတ်ပါဘူး။ ယုံကြည်မှုနဲ့အိပ်မက်တွေကပဲ ဒီလိုကြီးကျယ်တဲ့ အရာတွေ ဖြစ်လာစေတာပါ။ ရီးယဲလ်လို ထိပ်တန်းအသင်းကြီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲက ကျွန်တော်တို့အတွက် တကယ်ကို ထူးခြားတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်”

အယ်လ်ဂျားဇီးယားအသင်းက ပေါ်တူဂီကစားသမား ဒါဆေးလ်ဗားကတော့ အခုလိုပြောပါတယ်။ “ဒီပွဲက အရည်အသွေးမြင့်မားတဲ့ ပွဲပါ။ ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည် ရရှိနေပါတယ်။ ရီးယဲလ်နဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”

ရီးယဲလ်နည်းပြဇီဒန်းကတော့ သူတို့အသင်း ပုံစံကောင်းရရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ ပုံစံကောင်းရနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တကယ့်နေရာကောင်းမှာ ရှိနေတာပါ။ ပြိုင်ဘက်ရဲ့အခြေအနေကိုလည်း အမြဲလေ့လာစမ်းစစ်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက ကျွန်တော်တို့ ဘာလိုချင်သလဲဆိုတာပါပဲ။

ရီးယဲလ်မက်ဒရစ်ဆိုတာ ရီးယဲလ်မက်ဒရစ်ပါပဲ။ ရီးယဲလ်က အမြဲကြီးကျယ်ခမ်းနားသလို ဒီအတိုင်းပဲ ဆက်ရှိနေမှာပါ။  ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ချန်ပီယံဆုကို ကာကွယ်လိုပါတယ်။ ဒါက ကျွန်တော်တို့အတွက် စိတ်ခွန်အားပါပဲ”

ရီးယဲလ်အသင်းဟာ ဖီဖာကမ္ဘာ့ကလပ်ဖလားကို ၂ ကြိမ်ဗိုလ်စွဲထားပြီး ဒီနှစ်မှာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်တဲ့ ဘာစီလိုနာရဲ့စံချိန်ကို လိုက်မီသွားမှာ ဖြစ်ပါတယ်။

ရီးယဲလ်နည်းပြမာဆယ်လိုကတော့ ဖီဖာကမ္ဘာ့ကလပ်ဖလားကိုရဖို့ အစွမ်းကုန်ကစားသွားမယ်လို့ ဆိုပါတယ်။ “ပြိုင်ပွဲအတွေ့အကြုံရှိတာနဲ့ပဲ အရာရာအောင်မြင်နိုင်တာ မဟုတ်ပါဘူး။ ပွဲ ၅၀ လောက် ကစားထားလည်း နောက်ထပ်လာမယ့်ပွဲက ကွဲပြားခြားနားမှုရှိနေမှာပါ။ အတွေ့အကြုံက ကူညီမပေးနိုင်ပါဘူး။ စိတ်ဓာတ်တက်ကြွမှုတော့ ဖြစ်စေပါတယ်။ ဒီဖလားကို ရရှိချင်တဲ့စိတ်က ကျွန်တော်တို့အတွက် အဓိက တွန်းအားပါပဲ။ ချန်ပီယံဖြစ်ဖို့ အရာအားလုံး ပေးဆပ်သွားမှာပါ။ အခြားပြိုင်ပွဲတွေကစားသလို ဒီပွဲကို ကစားမှာပါ။