မက္ကဆီကိုမှာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဘုရားဖူးခရီးသွား ၁၁ ဦး သေဆုံး

မက္ကဆီကိုမှာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဘုရားဖူးခရီးသွား ၁၁ ဦး သေဆုံး

ဒီဇင်ဘာ ၁၃ ။          ။ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း အမြန်လမ်းမကြီးတစ်ခုမှာ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က ဘုရားဖူး ကားတစ်စီးနဲ့ ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့မှုကြောင့် လူပေါင်း ၁၁ ဦးထက် မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ယခု ယာဉ်မတော်တဆမှုဟာ မြို့တော် မက္ကဆီကိုစီးတီးနဲ့ ပွေဘလာမြို့တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဘုရားဖူးတွေ လိုက်ပါလာတဲ့ ကားနဲ့ အသီးအနှံတွေ တင်ဆောင်လာတဲ့ ကုန်တင်ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့တာဖြစ်ပြီး ယခုဖြစ်စဉ်မှာ ကလေးငယ် သုံးဦးအပါအဝင် သေဆုံးသူ ၁၁ ဦးထိ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ အမြန်လမ်းမကြီးတော့ ကုန်တင် ကားကြီးတွေ ပုံမှန်လိုလို ဖြတ်သန်းသွားလာနေလျက်ရှိတဲ့ အဓိကလမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ယင်း ယာဉ်တိုက်မှုမှာ လူရှစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးကတော့ ဆေးရုံရောက်မှ သေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ မက္ကဆီကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly