မန်ယူအသင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ တောင်းပန်

မန်ယူအသင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ တောင်းပန်

 

ဒီဇင်ဘာ ၁၃၊ အင်္ဂလန် ။             ။ မန်ချက်စတာဒါဘီပွဲစဉ်အပြီးတွင် ၎င်းတို့အသင်း၏အောင်ပွဲခံမှုမှာ မန်ယူအသင်းကို စိတ်မကျေနပ်စရာ ဖြစ်စေခဲ့သည်ရှိသော် တောင်းပန်ပါကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

မန်ယူကို အနိုင်ရပြီးနောက် မန်စီးတီးအသင်းသားများမှာ ဥမင်လှိုင်ခေါင်းအတွင်း အောင်ပွဲခံခဲ့ကြသည်။ ထိုအချိန်တွင် မန်ယူနည်းပြ မော်ရင်ဟိုက မန်စီးတီးအသင်း၏အဝတ်လဲခန်းအတွင်းသို့သွားပြီး မန်စီးတီးဂိုးသမား အီဒါဆင်ကို အနည်းငယ်လေးစားမှုရှိကြရန် ပြောဆိုခဲ့သည်။ ထိုအချိန်တွင် မော်ရင်ဟိုမှာ ရေသန့်ဗူးဖြင့် ပစ်ပေါက်ခံခဲ့ရသည်။ ထို့နောက် နှစ်ဘက်အသင်းသားများ အချင်းများခဲ့ကြပြီး အသင်းဝန်ထမ်းများပါ၀င်ခဲ့ကာ ရန်ပွဲမှာ အယောက် ၃၀ ခန့်ဖြစ်သွားခဲ့သည်။

 “ကျွန်တော်တို့ရဲ့ လုပ်ရပ်က မမှန်ကန်ဘူးဆိုရင် မန်ယူအသင်းကို တောင်းပန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုရည်ရွယ်ချက်မျိုး မရှိခဲ့ပါဘူး။ အဝတ်လဲခန်းအတွင်းမှာပဲ အောင်ပွဲခ့ခဲ့တာပါ။ ဒါကို လူတွေက နားမလည်နိုင်ကြဘူးဆိုရင်တော့ တောင်းပန်ပါတယ်။

ဒါဘီပွဲမှာ အနိုင်ရပြီးတဲ့နောက် ကျွန်တော်တို့က မန်ယူကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ဆိုရင် ကစားသမားတစ်ဦးတစ်ယောက်နဲ့ မော်ရင်ဟို မဟုတ်ပါဘူး။ မန်ယူတစ်သင်းလုံးကို   တောင်းပန်ပါတယ်။ အရင်က မန်ယူအသင်းအနေနဲ့ မန်စီးတီးကို အနိုင်ရခဲ့ရင်လည်း တစ်ခါတစ်ရံဒီလိုအောင်ပွဲခံတာပါပဲ။ တစ်ချို့ပွဲတွေဆို ဒီထက်အောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မန်ယူကို အနိုင်ရပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အရမ်းပျော်နေခဲ့ပါတယ်” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

အဆိုပါကိစ္စအား အက်ဖ်အေက စုံစမ်းစစ်ဆေးလျက်ရှိပြီး မန်ယူနှင့် မန်စီးတီးနှစ်သင်းစလုံးထံမှ ဖြေရှင်းချက်တောင်းဆိုထားသည်။

ရည်ညွှန်း အီးအက်စ်ပီအန်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly