အီဂျစ်မက်ဆီကိုခေါ်ရန် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် လျှို့ဝှက် ကြံစည်နေ

အီဂျစ်မက်ဆီကိုခေါ်ရန် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် လျှို့ဝှက် ကြံစည်နေ

 

ဒီဇင်ဘာ ၁၂၊ စပိန် ။        ။ ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလောရင်တီနိုပီရက်ဇ်သည် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည့် အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ခေါ်ယူရန် လျှို့ဝှက် ကြံစည်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၃၉ သန်းဖြင့် ရောက်ရှိလာခဲ့သည့် ဆာလက်မှာ ခြောက်လအတွင်း ပွဲစဉ် ၂၄ ပွဲ ကစားခဲ့ရာတွင် ၁၉ ဂိုးသွင်းယူပေးထားသည်။ ဆာလက်သွင်းယူထားသည့် ဂိုးအရေအတွက်မှာ ရီးယဲလ်တိုက်စစ်မှူးများဖြစ်သည့် စီရော်နယ်ဒိုနှင့်ဘန်ဇီမာတို့၏သွင်းဂိုးအရေအတွက်ထက်ပိုများလျက်ရှိသည်။

ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်က နည်းပြဇီဒန်း၏အသင်း ဂိုးသွင်းနှုန်းပိုကောင်းလာစေရန် ဆာလက်အား ဗက်ဇ်ကွက်ဇ်ကို အလိုက်ပေးကာ ခေါ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ရီးယဲလ်တောင်ပံကစားသမား ဗက်ဇ်ကွက်ဇ်မှာ ယခုနှစ်ရာသီတွင် လာလီဂါပွဲစဉ် ၁၃ ပွဲပါ၀င်ကစားခွင့်ရထားသော်လည်း ၈ ပွဲမှာ လူစားလဲပါ၀င်ခွင့်ရထားသူ ဖြစ်သည်။

အီဂျစ်နည်းပြ ဟက်တာကူးပါးကလည်း ရီးယဲလ်အသင်းအနေဖြင့် ဆာလက်ကို ခေါ်ယူရန် ကြိုးပမ်းလာလိမ့်မည်ဟု အစောပိုင်းကတည်းက ပြောဆိုထားခဲ့ဖူးသည်။

အီဂျစ်မက်ဆီဟု နာမည်ကြီးလာသည့် ဆာလက်မှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်သလို အီဂျစ်အသင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သောကြောင့် ဘီဘီစီ၏ အာဖရိကတစ်နှစ်တာအကောင်းဆုံးဆုကို ရရှိထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly