နာမည်ကြီးရုံဖြင့် ဖီဖာကမ္ဘာ့ကလပ်ဖလားကို မရနိုင်ဟု ရီးယဲလ်နည်းပြ ဇီဒန်းပြော

နာမည်ကြီးရုံဖြင့် ဖီဖာကမ္ဘာ့ကလပ်ဖလားကို မရနိုင်ဟု ရီးယဲလ်နည်းပြ ဇီဒန်းပြော

 

ဒီဇင်ဘာ ၁၂၊ အဘူဒါဘီ ။             ။ ရီးယဲလ်နည်းပြဇီဒန်းက နာမည်ကြီးရုံဖြင့် FIFA Club World Cup ကို မရရှိနိုင်ကြောင်း ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်၏ချန်ပီယံရီးယဲလ်အသင်းသည် ပြီးခဲ့သည့်နှစ်က FIFA Club World Cup ဖလားကို ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ချန်ပီယံဖြစ်ရန် ရေပန်းစားလျက်ရှိသည်။ ရီးယဲလ်အသင်းမှာ ဒီဇင်ဘာ ၁၃ ရက်တွင် ယူအေအီးလိဂ်ချိန်ပီယံ အယ်လ်ဂျားဇီးရားအသင်းနှင့် ကစားရမည် ဖြစ်သည်။

“ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာ မလွယ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကျွန်တော်တို့ ပြဿနာတွေအများကြီးရင်ဆိုင် ခဲ့ရပါတယ်။ ပြိုင်ပွဲတွေက မလွယ်ပါဘူး။ ရီးယဲလ်မက်ဒရစ်ဆိုပြီး နာမည်ကြီးရုံလောက်နဲ့ ဖလားမရနိုင်ပါဘူး။ ဒီပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အချိန်ယူပြင်ဆင်ထားရပါတယ်။ ဘာအကြောင်းပြချက်မှ မရှိပါဘူး” ဟု ဇီဒန်းက ပြောသည်။

ရီးယဲလ်အသင်းမှာ ယခုပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်က စတင်ယှဉ်ပြိုင်ရပြီး ယူအေအီးကလပ် အယ်လ်ဂျားဇီးရားအသင်းမှာမူ နယူးဇီလန်ကလပ် အက်ခ်ကလန်စီးတီးနှင့် ဂျပန်ကလပ် အူရာဝါအသင်းတို့ကို အနိုင်ရပြီးမှ ဆီမီးသို့ရောက်လာခြင်း ဖြစ်သည်။

ရီးယဲလ်နည်းပြ ဇီဒန်းက လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့အတွက် တိုက်ပွဲမဝင်ခင် FIFA Club World Cup ဖလားကို အသင်း၏ဖလားပြတိုက်ထဲသို့ အရောက်ပို့လိုကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly