စတားလုံး၏ လက်ဝှေ့ဇာတ်ကား Creed 2 ၏ ဒါရိုက်တာအဖြစ် စတီဗင်ကေပယ်လ်ဂျူနီယာကို ရွေးချယ်

စတားလုံး၏ လက်ဝှေ့ဇာတ်ကား Creed 2 ၏ ဒါရိုက်တာအဖြစ် စတီဗင်ကေပယ်လ်ဂျူနီယာကို ရွေးချယ်

MGM နှင့် Warner Bros. ရုပ်ရှင်စတူဒီယိုတို့သည် မင်းသားကြီးဆီဗက်စတြာစတားလုံးနှင့် မိုက်ကယ်ဘီဂျော် ဒန်တို့ ပါ၀င်သရုပ်ဆောင်မည့် Creed 2 လက်ဝှေ့ဇာတ်ကား၏ ဒါရိုက်တာအဖြစ် စတီဗင်ကေပယ်လ်ဂျူနီယာ ကို ရွေးချယ်ခဲ့သည်။

လာမည့် ၂၀၁၈ နွေဦးရာသီ၌ စတင်ရိုက်ကူးမည့် Creed 2 ထဲ၌ စတားလုံး၊ ဂျော်ဒန်တို့နှင့်အတူ ပထမဇာတ် ကားမှ မင်းသမီး တက်ဆာသွန်မ်ဆင်က သူမ၏ဇာတ်ကောင် ဘီယန်ကာနေရာမှ ဆက်လက်သရုပ်ဆောင်မည် ဟု သိရသည်။

ပထမဇာတ်ကား Creed ကို ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သည့် ရိုင်ယန်ကူဂလာသည် ယခုဒုတိယမြောက်ရုပ်ရှင်၌ ထုတ်လုပ်သူအဖြစ်ပါ၀င်သွားနိုင်ရန် မျှော်မှန်းထားသလို လက်ရှိအချိန်တွင် ကူဂလာသည် Marvel စတူဒီယို၏ Black Panther ဇာတ်ကားအတွက် အလုပ်များလျက်ရှိသည်။

Creed 2 ၏ဒါရိုက်တာအဖြစ် စတားလုံးကတာဝန်ယူသွားဖို့ ကနဦးကစီစဉ်ထားခဲ့သော်လည်း မင်းသားဂျော်ဒန် နှင့် တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့အပြီးတွင် အခြားဒါရိုက်တာတစ်ဦးကိုသာ ရှာဖွေသွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အချိန်ကြာမြင့်စွာ ဒါရိုက်တာရှာဖွေခဲ့ပြီးနောက်တွင် ဂျော်ဒန်နှင့် စတားလုံးတို့ကိုယ်တိုင် စတီဗင်ကေပယ်လ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Creed 2 ကို စတားလုံးနှင့် ချီယိုဟိုဒါရီကိုကာတို့ ရေးသားထားသည့် မူရင်းဇာတ်ညွှန်းအတိုင်း ကေပယ်လ်က ရိုက်ကူးသွားမည်ဟု သိရသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly