ဆော်ဒီအာရေဗျ၌ ၂၀၁၈ အစောပိုင်းတွင် ရုပ်ရှင်ရုံများပြန်ဖွင့်ခွင့်ပြု

ဆော်ဒီအာရေဗျ၌ ၂၀၁၈ အစောပိုင်းတွင် ရုပ်ရှင်ရုံများပြန်ဖွင့်ခွင့်ပြု

ဆယ်စုနှစ်သုံးစုကျော်ခန့် ကုန်လွန်ပြီးနောက်တွင် ဆော်ဒီအာရေဗျနိုင်ငံက ၄င်းတို့တားမြစ်ပိတ်ပင်ထားခဲ့သော စီးပွားဖြစ်ရုပ်ရှင်ရုံများကို ပြန်ဖွင့်ခွင့်ပေးတော့မည်ဟု ကြေညာခဲ့သည်။

ဆော်ဒီ၏ ယဉ်ကျေးမှုနှင့်ပြန်ကြားရေးဝန်ကြီးဌာနက ၄င်းတို့သည် လိုင်စင်ထုတ်ပေးဖို့ ချက်ချင်းဆောင်ရွက်သွား မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ပထမဦးဆုံးရုပ်ရှင်ရုံကို လာမည့် ၂၀၁၈ ခုနှစ် မတ်လ၌ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား ကြောင်း ပြောခဲ့သည်။

ယခုလိုဆောင်ရွက်မှုသည် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ လူမှုရေးနှင့်စီးပွားရေး ပြုပြင်ပြောင်း လဲမည့် အစီအစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

ရှေးရိုးစွဲမွတ်စလင်တိုင်းပြည်ဖြစ်သည့် ဆော်ဒီ၌ လွန်ခဲ့သော ၁၉၇၀ ခုနှစ်များက ရုပ်ရှင်ရုံများရှိခဲ့သော်လည်း ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကြောင့် ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ တနင်္လာနေ့၌ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ရုပ်ရှင်ရုံလိုင်စင်များ ချထားပေးသွား မည့်အစီအစဉ်သည် ဗဟိုအစိုးရမှလာခြင်းဖြစ်ပြီး ဆော်ဒီပြည်တွင်းယဉ်ကျေးမှု ပိုမိုပွင့်လင်းလာစေရန် ရည်ရွယ် ကြောင်း ဖော်ပြထားသည်။

“ဒီလုပ်ဆောင်ချက်ဟာ ကျနော်တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့အခိုက် အတံ့တစ်ခုပဲဖြစ်ပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီး အာဝတ်ဒ်အယ်အာဝတ်ဒ်က ပြောခဲ့သည်။

ဒါ့အပြင် လာမည့် ၂၀၃၀ ခုနှစ်တွင် ဆော်ဒီအတွင်း၌ ရုပ်ရှင်ရုံပေါင်း ၃၀၀ ကျော်နှင့် ရုပ်ရှင်ပိတ်ကားပေါင်း ၂၀၀၀ ကျော်ခန့် တည်ဆောက်ပြီးဖြစ်နေမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly