ဆီးရီးယားရောက် ရုရှတပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ခေါ်ယူသွားရန် ပူတင် အမိန့်ပေး

ဆီးရီးယားရောက် ရုရှတပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ခေါ်ယူသွားရန် ပူတင် အမိန့်ပေး

ဒီဇင်ဘာ ၁၂ ။            ။ ဆီးရီးယားနိုင်ငံမှ  ရုရှတပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုတ်သိမ်း ခေါ်ယူသွားရန် ရုရှသမ္မတ ဗလာဒီမာပူတင်က စစ်တပ်က အမိန့်ပေးခဲ့ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရုရှသမ္မတ ပူတင်ဟာ  ယမန်နေ့က ဆီးရီးယားနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကို ရှောင်တခင် ရောက်ရှိလာခဲ့ပြီးနောက် တာဝန်ကျ စစ်တပ်အရာရှိကြီးတွေနဲ ဆီးရီးယား ခေါင်းဆောင်တစ်ချို့နဲ့   တွေ့ဆုံရာမှာ အထက်ပါအတိုင်း ညွှန်ကြားသွားခဲ့တာဖြစ်ကြောင်း ဆီးရီးယား သမ္မတ ရုံးက ထုတ်ပြန်ပါတယ်။

ဗလာဒီမာ ပူတင်ဟာ Hmeimym လေတပ်စခန်းကို ရောက်ရှိခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပူတင်ရဲ့ ယခုခရီးစဉ်ဟာ ၂၀၁၅ ခုနှစ်ကစပြီး ဆီးရီးယားမှာ ရုရှတို့ စစ်ရေးအရ ပါ၀င်ပတ်သက်ထားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။

ဆီးရီးယားမှာရှိတဲ့ အမြဲတမ်း စစ်အခြေစိုက်စခန်းတွေကနေ ရုရှစစ်တပ်က တပ်ဖွဲ့ဝင်တစ်ချို့ကို ပြန်လည် စတင်ခေါ်ယူသွားဖို့ ပူတင်က ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ရုရှစစ်တပ်အကြီးအကဲတို့ကို ညွှန်ကြားထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း ဆီးရီးယားမှာ အကြမ်းဖက်သမားတွေ ဆက်လက် ထကြွနေဦးမယ်ဆိုရင်တော့ ရုရှစစ်တပ်အနေနဲ့ ယင်းနိုင်ငံမှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ပြန်လည် စတင်သွားမှာဖြစ်တယ်လို့ ပူတင်က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။

တစ်ဘက်မှာလည်း ယခုလို ဆီးရီးယားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးမှာ ရုရှတို့ တက်တက်ကြွကြွ ပါ၀င်ပူးပေါင်းပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း ဆီးရီးယား သမ္မတ အာဆတ်က ပြောခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly